မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ကမ္မမြို့ ရေလည်ကျောင်းမှာ ယာယီတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ရိက္ခာပြတ်လပ်သွားတာကြောင့် ရိက္ခာရှာဖို့ ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ RED GIANTတပ်ဖွဲ့က ဆိုပါတယ်။

ဇူလိုင်လ ၂၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေက အင်အား ၃၀ ဝန်းကျင်နဲ့ ရိက္ခာရှာထွက်လာချိန် အမှတ် (၄) ချောင်းဦးတိုရပ်ကွက်အရောက် တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

” တိုက်ပွဲကြာချိန်ကတော့နာရီဝက်လောက်ထိ ထိတွေ့မှုဖစ်ပါတယ်၊ထိခိုက်သေဆုံးမှုကတော့ကျွန်တော်တို့မျက်မြင်၂ရောက်ဖစ်ပါတယ်အခြာကဆက်လက်စုံစမ်းနေတုန်းပါ ၊ သူတို့ရိက္ခာပျက်သောက်တာကခန့်မှန်းခြေအရ၅ရက်လောက်ရှိပြီး ” လို့ RED GIANTတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူ ဒေါင်းနီက မောင်းသတင်းဌာနကို ပြောပါတယ်။

ပုံစာ – ရိက္ခာရှာထွက်လာတဲ့ စစ်အုပ်စုကို သွားရောက်ပစ်ခတ်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် သူတို့တပ်စွဲထားတဲ့ ရေလည်ကျောင်းထဲကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ စစ်အုပ်စုဟာ ရိက္ခာပြတ်လပ်သွားတဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ နေအိမ်ကနေ စားနပ်ရိက္ခာတွေ လာရောက်ရှာဖွေရင်း အခုလိုထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” ပြည်သူတွေအိမ်ကနေပြီးတော့ ကြက်တွေ ၊ စားစရာတွေကို သူတို့ရိက္ခာပြတ်တောက်တော့ လာရှာတာ ၊ ကျနော်တို့က ကင်းထွက်ရင်း နဲ့ ထိတွေ့မှုဖြစ်တာ” လို့ ကိုဒေါင်းနီက ဆက်ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားပြီး ညနေလောက်မှာတော့ မြို့ခံပြည်သူတစ်ချို့ဟာ နေအိမ်တွေပြန်ပြီး အသုံးအဆောင်ပစ္စည်းတွေ ပြန်ယူချိန် စစ်ကောင်စီတပ်သားတွေဟာ စစ်ဆေးတာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ရေလည်ကျောင်းမှာ ယာယီအထိုင်ချ တပ်ဆွဲထားတာ ၂ လခန့်ရှိပြီးဖြစ်ပြီး အခုလိုတပ်စွဲထားတဲ့အတွက် မြို့ခံတစ်ချို့ကထွက်ပြေးတိမ်းရှောင်ပေမယ့် သက်ကြီးရွယ်အိုတစ်ချို့ကတော့ ရှောင်တိမ်းတာမျိုးမရှိဘူးလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို RED GIANT ၊ Pakokku People Defense Force (PPDF) ၊ABSDF အမှတ် (၃) စစ်ကြောင်း ၊YGF လူငယ်ပျောက်ကျားတပ်ဖွဲ့ ၊ PI PDF ၊ အလင်းတန်းပျောက်ကျားတပ်ဖွဲ့(မြိုင်) ၊ (TWF) ၊အညာမြေတပ်ပေါင်းစု တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နမခ မှာ စစ်မှုထမ်းနေသူ လူငယ် ၄ ဦး လက်နက်နှင့်တကွ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှာ စစ်မှုထမ်းဆောင်နေတဲ့ လူငယ်‌ ၄ယောက်ဟာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Union Liberation Front - ULF V 02 က ထုတ်ပြန်လာပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ PDF တပ်ရင်းအမှတ် ၈၀၃ ၏ တပ်ရင်းမှူး ကျဆုံးရဲဘော်အတွက် ဂုဏ်ပြုအလေးပြုခြင်း အခမ်းအနား ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ကုန်း PDF (တပ်ရင်းအမှတ် ၈၀၃) ရဲ့ တပ်ရင်းမှူး ရဲဘော် ရက်(ဂ်)နာ (ခ) ရဲဘော် C Jadeအတွက် ဂုဏ်ပြုအလေးပြုခြင်း အခမ်းအနားကို အောက်တိုဘာ ၁ ရက် မနေ့က စစ်မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

တောင်သာနှင့် ကျောက်ပန်းတောင်းတွင် ၂ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ရဲတပ်ကြပ်အပါ ၅ ဦး သေ၊ ၂ ဦး အရှင်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာနဲ့ ကျောက်ပန်းတောင်းမြို့နယ်တွေမှာ အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်ကြားဖြတ်တိုက်ခိုက်ရာ စ​စ်သားအလောင်း ၅လောင်း၊ သုံ့ပန်း၂ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Popa Guerilla Force(PGF) တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ၂၀၁၀ တုန်းကလို အခင်းအကျင်းမျိုး မဖြစ်နိုင်ဟု SAC-M ပြော

အာဏာသိမ်းစစ်အုပ်စုက ဒီဇင်ဘာလမှာ စတင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ မမျှတနိုင်ဘဲ ၂၀၁၀ တုန်းကလို အခင်းအကျင်းမျိုးလည်း မရနိုင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့ (SAC-M) ရဲ့ ဒီဇင်ဘာလ ၅ ရက်က အစီရင်ခံစာသစ်မှာ ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ (EROs)၊ ပြည်နယ်/ဖက်ဒရယ် ယူနစ်တွေနဲ့ လူမျိုးစုကောင်စီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အပါအဝင် အဓိက တော်လှန်ရေး အစုအဖွဲ့ ၂၅ ခုက ပေးပို့ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး SAC-M က “Myanmar’s Way Forward” စာတမ်းကို သောကြာနေ့က ထုတ်ပြန်ခဲ့တာပါ။
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
Read More

ရသေ့တောင်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါ အရပ်သား အလောင်း ၁၃ လောင်း ရရှိထား၊ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ…

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားအလောင်း ၁၃ လောင်း ရရှိထားပြီး ဒဏ်ရာရသူ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။