ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ တိုက်ပွဲများ ပြင်းထန်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံလာရခြင်းနဲ့အတူ ထောင်ချီတဲ့ ကမ္ဘောဒီးယားလုပ်သားတွေဟာ နေရပ်ပြန်လျက်ရှိပါတယ်။

ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားတွေဟာ နယ်စပ်ဂိတ်တွေကတဆင့် ကမ္ဘောဒီးယားနိုင်ငံထဲကို ပြန်လည်ဝင်ရောက်နေကြတာဖြစ်ပြီး တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ယနေ့ ဇူလိုင် ၂၆ ရက် ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်ပွဲ တတိယမြောက်နေ့မှာ အငြင်းပွားနေတဲ့ နယ်စပ်ရှိ ကမ္ဘောဒီးယားစစ်စခန်းတစ်ခုကို ထိုင်းစစ်တပ်က သိမ်းယူခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါ တယ်။

အဆိုပါတိုက်ပွဲအတွင်း ကမ္ဘောဒီးယား စစ်သား ၁၀ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်း ဆည်းရရှိခဲ့ကာ ထိုင်းအလံကို စခန်းကုန်းမှာ လွှင့်တင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

မြို့သစ်မြို့နယ်ထဲတွင် အတုအယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့်စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူးအပါအဝင် ၈ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မြို့သစ်မြို့နယ်ထဲမှာ အတုအ‌ယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပနိုင်ဖို့ နယ်လှည့် စစ်ဆေးနေတဲ့ စစ်အုပ်စုယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ဂဠုန် PDFအဖွဲ့ဆီက သိရပါတယ်။
Read More

မုံရွာခရိုင်တပ်ရင်း (၄) အတွက် Federal Wings အဖွဲ့ရဲ့ နည်းပညာနဲ့ ကျည်ကာပြားတွေ ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

မုံရွာခရိုင် အမှတ် ၄ တပ်ရင်း (Chindwin Attack Force) အထူးကွန်မန်ဒိုတပ်ဖွဲ့အတွက် Federal Wings အဖွဲ့ရဲ့ နည်းပညာနဲ့ ကျည်ကာတွေ ထုတ်လုပ်အောင်မြင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Read More

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ပြီး ပြည်သူ အယောက် ၃၀ ကို ကယ်တင်မှုမှာ စစ်ကောင်စီတပ်သား ၅ ယောက်သေ၊ ၃ ယောက်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ဒေါင်းနီတပ်ရင်း စိုးမိုးနယ်မြေကို ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းက တပ်မ ၃၃ ဗိုလ်ကြီးအေးမင်းထွန်းဦးဆောင်တဲ့ အင်အား ၆၀ ခန့်ရှိ အကြမ်းဖက်စစ် ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ရင်းထံက သိရပါတယ်။
Read More

ညောင်ဦးမြို့မှ တင့်ကား ၃ စီးဖြင့် စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့ကနေ တင့်ကား ၃ စီးနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People's Democratic Army - PDA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ စက်တပ်လေထီး ၂ စီးကို တော်လှန်ရေးတပ်တွေ ပစ်ခတ်၊ အကြမ်းဖက် မောင်းသူတစ်ဦး ပေါင်ထိမှန်ကာ ဖြတ်တောက်ခံရနိုင် (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ ကနေ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို ဗုံးကြဲဖို့ တက်လာတဲ့ စက်တပ်လေထီး Paramotor ၂ စီးကို တော်လှန်ရေရဲဘော်တွေက ပွိုင့်-၅ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

သိမ်ဇရပ်မြို့ရှိ ခမရ ၂၀၇ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ  ၂၀၇ တပ်ရင်းကို ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက ၆၀ မမ ၊ Multi Drones၊ Fixed Wing Drone တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Inntakaw People's Defence Force -IPDF  ထံက သိရပါတယ်။