မကွေးတိုင်း ၊ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ဖို့ လုပ်ဆောင်ချိန် အမှားအယွင်းဖြစ်ပြီး မိုင်း error ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ယောက် ကျဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်းဆီက သိရပါတယ်။

ဇူလိုင်လ ၂၄ ရက်က စလင်းမြို့နယ်အတွင်း မကြာခဏ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲဖို့ မိုင်းထောင်နေချိန် မိုင်း error ဖြစ်ပြီး ရဲဘော် အောင်ဌေးဝင်း (ခ) အောင်ဝမ်းတူး ထိမှန် ကျဆုံးသွားတယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော် အောင်ဌေးဝင်းဟာ တပ်ဖွဲ့ထဲမှာ ပွိုင့်တာဝန်ခံယူထားရသူဖြစ်သလို ယုံကြည်အားကိုးရတဲ့ ရဲဘော်တစ်ဦးလည်းဖြစ်တယ်လို့ ဆိုပါတယ်။

“စလင်းမြို့နယ်အတွင်း ခဏခဏထိုးနေတဲ့ စစ်ကြောင်းကိုကာဖို့ အတွက် မိုင်း error တက်ပြီး ကျဆုံးသွားတယ်‌ဗျ၊ ရဲဘော် အောင်ဝမ်းတူးက ပွိုင့်တာဝန်ခံရာထူးကို ယူထားပြီး၊ သူ့ဘက် ပွိုင့်အတွက်ဆို ကျနော်တို့အနေနဲ့ လှည့်ကြည့်ဖို့ မလိုအောင်ကို အားကိုးရတယ်ဗျ၊ သူ့ကြောင့်ဘယ်‌တုန်းကမှလဲ စိတ်ညစ်၊စိတ်ရှုပ်ရတာမျိူးလဲမရှိခဲ့ဘူး‌” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် အောင်ဌေးဝင်း (ခ) အောင်ဝမ်းတူးကိုတော့ ဇူလိုင်လ ၂၄ ရက်မှာ သဂြိုဟ်ပေးခဲ့ပြီး တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတာကြောင့် အမိန့်ကြော်ငြာပြီး တပ်ကနေကယ ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – စလင်းမှ တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်က သူ့လက်ထက်မှာ စီးပွားရေးတိုးတက်နေတယ်လို့ ကြွေးကြော်ခဲ့ပေမယ့် နိုင်ငံခြားငွေ မရရှိလို့ အခက်အခဲဖြစ်နေကြောင်း ဝန်ခံပြောဆို

စစ်ကောင်စီမှာ နိုင်ငံခြားငွေ အခက်အခဲဖြစ်နေမှုကို မင်းအောင်လှိုင်က ၀န်ခံပြောဆိုလိုက်ပြီး ပြည်ပရောက် မြန်မာတွေထံက နိုင်ငံခြားငွေမရရှိခြင်းက အဓိက ကျနေတယ်လို့ ပြောဆိုပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံမှာ စက်ရုံမှ လုပ်ခလစာ မရသည့် မြန်မာလုပ်သား ၁၅ ယောက်ကို လုပ်ခလစာ ရရှိအောင် NUG အလုပ်သမားဝန်ကြီးဌာန ကူညီဆောင်ရွက်ပေးခဲ့..

ထိုင်းနိုင်ငံ၊ စမူဆာခွန်းမြို့နယ်ရှိ စွန့်ပစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံမှာ လုပ်ခလစာ မရရှိတဲ့ မြန်မာအလုပ်သမား ၁၅ ယောက်ကို လုပ်ခလစာရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ တိုင်ကြားရေးယန္တရားက မနေ့က ထုတ်ပြန်ပါတယ်။
Read More

“မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး” အတွက် ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော်သစ်တွေ ခေါ်ယူနေ

"မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး" အတွက် အတူ လက်တွဲ တိုက်ပွဲဝင်ဖို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ရဲဘော်သစ်တွေ ခေါ်ယူနေပါတယ်။
Read More

ရုံးပင်ရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးပွေ့ချီထွက်ပြေးသည့် မိခင်အပါ ၂ ဦး သေဆုံး၊ ကလေးငယ် အသက်ရှင်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးပင်ရွာ ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နဂါးနီစစ်ကြောင်းမှ စစ်ရေးအခြေအနေအရ မထုတ်ပြန်ခဲ့သည့် CDM တပ်ကြပ်ကြီးအပါ ကျဆုံးရဲဘော် ၅ ဦး…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နဂါးနီစစ်ကြောင်း P-29903 က စစ်ရေးအခြေအနေအရ မထုတ်ပြန်ထားခဲ့တဲ့ ကျဆုံး ရဲဘော် ၅ ယောက်ကို မနေ့က ညပိုင်းမှာတော့ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း အသိပေး ထုတ်ပြန်လာပါတယ်။
Read More

NUG သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် အညာမြေကို ကွင်းဆင်းလှည့်လည်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က အညာဒေသမှာ မြေပြင်ကို ကွင်းဆင်း လှည့်လည်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို မနေ့က ထုတ်ပြန်ဖော်ပြလာပါတယ်။