ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နောင်ပိန်ရွာကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ယနေ့ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်းက ကျောက်မဲမြို့ နောင်ပိန်ရွာကို နောင်ချိုမြို့နယ်အတွင်း ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး ၈ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည်တွေဟာ နောင်ပိန်ရွာအတွင်း ဆက်တိုက်ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှု အခြေအနေကို မသိရသေးဘူးလို့ သိရပါတယ်။

မနေ့ ဇူလိုင် ၂၅ ရက်ကလည်း ကျောက်မဲမြို့အတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က နောင်ချိုမြို့အတွင်း ရောက်ရှိလာပြီး လက်နက်ကြီးတွေနဲ့ ရက်ဆက်ပစ်ခတ်မှု တွေကြောင့် ဒေသခံပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်ကြဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေကြပြီဖြစ် တယ်လို့ သိရပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

တော်လှန်ရေးအမည်ခံ လုပ်စားနေသည့်အဖွဲ့များကို အရေးယူသွားမည်ဟု ပုဂံပြည်ဘီလူးတပ်ဖွဲ့ ပြောကြား (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း ‌တော်လှန်ရေးကို ပုံရိပ်ကျစေတဲ့ PDF အမည်ခံပြီး ဓားပြတိုက်ပြန်ပေးဆွဲနေတဲ့ အဖွဲ့တွေကို အရေးယူသွားမယ်လို့ ပုဂံပြည်ဘီလူးတပ်ဖွဲ့ တာဝန်ခံ ရဲဘော် ကိုဇီးက ပြောပါတယ်။
Read More

ကမ်းနီရွာရှိ ဗလီကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့နယ် ကမ်းနီရွာရှိ ဗလီကို ဧပြီ ၂၂ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမှတစ်ဆင့် သိရပါတယ်။
Read More

အဆုံးသတ် ရောင်နီကို မျှော်မှန်းရင်း တော်လှန်ခရီးကြမ်း လျှောက်လှမ်းနေသည့် လူငယ်များ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ-၂၊ အမှတ်-၇၈၀၅တပ်ရင်း အနေနဲ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ စစ်ဆင်ရေး ရုပ်သံမှတ်တမ်းတစ်ခုကို ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမြို့နယ် ဇဟောကျေးရွာရှိ အထက်တန်းကျောင်း မီးရှို့ဖျက်ဆီးခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇဟောကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်း ဒီဇင်ဘာ ၂၉ ရက် ညနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)

ချင်းပြည်နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းမှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်တဲ့ ပုလဲမြို့ပေါ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ရှိနေပြီး အရပ်သားတွေကို တော်လှန်ရေးတပ်တွေ ဘေးလွတ်ရာ ပို့ဆောင်ပေးနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က မြို့မကျရေး လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။