မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်သားတွေအနေနဲ့ အချိန်မီလက်နက်ချ အလင်းဝင်ကြဖို့ Myingyan Black Tiger ရဲဘော်တွေက အသိပေးလိုက်ပါတယ်။

”ကျနော်တို့ ကျားမဲတွေလာပြီ။ တပ်ပေါင်းစုဖွဲ့ပြီးကျားမဲတွေလာပြီ။ စကစဘက်က အမြန်အလင်းဝင်ဖို့လိုတယ်။ လူ့ဂုဏ်သိက္ခာအရအသက်ရှင်ခွင့်ရမယ်။ တပ်ပေါင်းစုနဲ့ကျားမဲတွေချီတက်လာတော့မယ်။ ကျားမဲတွေမဟာမိတ်တွေနဲ့ လာပြီ”လို့ MBT တပ်ဖွဲ့က ဆိုပါတယ်။

Video-Myingyan Black Tiger·
0 Shares:
You May Also Like
Read More

ပေါက်နယ်နဲ့ မြိုင်နယ်အစပ်ရှိ တောရဘုန်းကြီးကျောင်းအား စစ်ကော်မရှင်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ တောရဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
Read More

ရေဖြူတံတားထိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄‌ ယောက် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်မှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၁ ညနေပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ Dawei National Libration Army ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေရဲစခန်းနဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းနဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Egale Drone Force အဖွဲ့ထံက သိရပါ တယ်။
Read More

ဆောမြို့နယ်မှာ စာသင်ကျောင်း ဗုံးကြဲခံရ၊ (၈)နှစ်အရွယ် ကလေးငယ်အပါ ပြည်သူ ၄ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် အညာကတင်းကျေးရွာစာသင်ကျောင်းကို မေလ ၁ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် (၈)နှစ်အရွယ် ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသမီး ၄ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့နယ်အတွင်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမင်‌ကျေးရွာကနေ အင်အား ၁၈၀ ခန့်စုဖွဲ့ပြီး တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။
Read More

ကလေးမြို့ GTC သို့ ထွက်လာတဲ့ စစ်တပ်ယာဉ်ကို မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့က နည်းပညာတက္ကသိုလ် (GTC) သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ယာဉ် ၂ စီးကို ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက အဝေးထိန်းမိုင်း ၂ လုံးနဲ့  ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့  ကလေးခရိုင်မိုင်းတပ်ဖွဲ့ထံက သိရပါတယ်။