”ဥက္ကဌအပါအဝင် လူ ၄ ဦးနဲ့အတူ ပေါ်တာလာဆွဲတာပါ။ ကျွန်တော်ကို လာဖမ်းပြီး နတ်မောက်အချုပ်ထဲမှာ အဖမ်းခံရပါတယ်။ အချုပ်ထဲကနေပြီးတော့ မကွေး ၃၁၇ စုဆောင်းရေးထဲကို ပို့ပါတယ်။ စုဆောင်းရေးမှာ ၁ လနီးပါးနေပြီးတော့ ရှမ်းပြည်နယ် ဟိုပုန်းသင်တန်းကျောင်းကို အပို့ခံရ ပါတယ်။ အခက်အခဲကတော့ အများကြီးပါပဲ။ ကိုယ်မှာစိတ်မပါတာ။ ကျွန်တော်ဒီအလုပ်တွေကို လုံးဝမလုပ်ချင်ခဲ့ပါဘူး”

0 Shares:
You May Also Like
Read More

အာဠာဝကစစ်ကြောင်း (၇၈၀၃ တပ်ရင်း)သို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားသုံးဦးနှင့် တွေ့ဆုံမေးမြန်းချက် (ရုပ်/သံ)

“သင်တန်းဆင်းတုန်းက ၃၄၀ ကျော်ရှိတယ်။ သင်တန်းသားရှိတာကတော့ ၃၆၀ ကျော်ပေါ့၊ ၂၀ ကျော် လောက်က ပြေးတာ၊ ကျနော်တို့လည်း မသိခဲ့ဘူး။ မင်းတို့တပ်ထဲထိအောင် သွားကြည့်ပါအုံး၊ တပ်ထဲ မှာ ဘယ်နေရတယ်၊ ဘယ်လိုထိုင်ရတယ်ဆိုပြီး စည်းရုံးတာ။ ပြီးတော့ သူတို့ထည့်တဲ့ ဆိုက်ဝါးကလည်း မင်းတို့ဟိုဘက်ကိုပြေးလို့ရှိရင် မိတဲ့သူတွေကို သတ်မယ်၊ ကျနော်တို့က ဒီဘက်ကို ပြေးလာရင် သတ်ပစ်ခံရမှာပေါ့"
Read More

KNU-ညောင်လေးပင်ခရိုင် KNLA-တပ်မဟာ(၃)နယ်မြေမှ ထွက်ပြေးလွတ်မြောက်လာသည့် တပခ လက်အောက်ခံ ခမရ(၂၀) – ပစ/ တပ်သား- ညီလွင်၏ ပြောကြားချက် (ရုပ်/သံ)

''စစ်မှုထမ်းဥပဒေဆိုတာ ရှိတာ တိုးတက်တဲ့နိုင်ငံတွေမှာလည်းလုပ်တာပဲ။ အခုဟာက လူသားတံတိုင်းလုပ်တယ်ပေါ့။ လူသားစားနေသလိုပဲ။ အဲလိုပဲမြင်တယ်။ ဒီလိုမျိုးစစ်ပွဲကြီးတွေထဲမှာ ကျွန် တော်တို့လိုစစ်ပွဲအကြောင်းနားမလည်တဲ့ သူတွေ ရှေ့တန်းပို့တာတို့၊ သေတဲ့သူတွေကလည်း သေကုန်ကြပြီ ကျွန်တော်တို့နဲ့ တစ်ပတ်စဉ်ထဲလူတွေ။ သူတို့ဆိုလည်း သာမန်ပြည်သူဘဝကနေပြီးတော့ အိမ်ပြင်ခဏလေးထွက်လိုက်တာ ပါလာတာတို့၊ ခရီးသွားနေရင် ပါလာတာတို့၊ အိမ်ထဲထိ ဝင်ဖမ်းတာတို့၊ အချို့ကလည်း ပိုက်ဆံနဲ့ လူစားလိုက်လာတာပေါ့''
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့ရသူရဲ့ မိသားစုဝင် ပြောပြတဲ့ ကြေကွဲဝမ်းနည်းဖွယ်မှတ်တမ်း (ရုပ်/သံ)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က လားရှိုးမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ယောက်ဖြစ်သူ ကိုရဲဝင်းနိုင် (ခ) အကြီးကောင် (၄၀)နှစ် ဆုံးပါးသွားခဲ့ပါတယ်။ သူ့မိသားစုရဲ့ ကြေကွဲဝမ်းနည်းဖွယ်မှတ်တမ်းကို MNDAA က ဖော်ပြလာပါတယ်။
Read More

ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်

''တပ်ထဲမှာ နှစ်ရှည်လများ ၁၅ နှစ်၊ အနှစ် ၂၀ ထမ်းဆောင်တဲ့သူတွေတောင်မှ အခုလိုမျိုး ပြေးချင်နေတာ ကျနော်တို့လို မနေ့တနေ့ကမှ ထမ်းဆောင်ရသူတွေဆို ပိုဆိုးတာပေါ့။ ဒါကြောင့်လည်း ကျနော်ဆုံးဖြတ်ချက်ချပြီး အလင်းဝင်လာချင်ဖြစ်တယ်။ ပြီးတော့ ကျနော်တစ်ဦးတည်း အလင်းဝင်ချင်တာမဟုတ်ဘူး။ ၁၀ နှစ်၊ ၁၅ နှစ် ကောင်တွေတောင်မှ လွတ်မြောက်နယ်မြေမှာ အေးရာအေး ကြောင်းနေဆိုရင် ထိပ်ဆုံးကပြေးမယ့်ကောင်တွေ။ ကျနော်တို့ ပစတွေဆို မပြောတော့နဲ့ပေါ့နော်။ ၂ နှစ်ပြည့်လို့မှ သူတို့ဖက်က ကတိမတည်ဘူးဆိုလို့ရှိရင်၊ သူတို့ကတိမတည်ဆိုတာကိုလည်း ကျနော်ယုံတယ်။ အဲဒါကလည်း ဒီ ၂၀၂၆ လေးလပိုင်း ၈ ရက်နေ့ဆိုရင်မှာပေါ့''
Read More

ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ စစ်ဆင်​ရေး (G-2) အဆင့်ရှိ ဗိုလ်မှူး ​အောင်မျိုးထက်

'တပ်မတော်ကို သစ္စာဖောက်တာမဟုတ်ဘဲနဲ့ ကျနော်တို့ကတော့ ပြည်သူလူထုနဲ့ ပူးပေါင်းပါဝင်တယ်လို့ပဲ ထင်မြင်ယူဆပါတယ်။ ပြည်သူလူထုရဲ့ မေတ္တာကို ရရှိတယ်လို့လည်း ပြန်ကြားရတဲ့အတွက်ကိုလည်း အတိုင်းမသိ ဝမ်းသာရပါတယ်'