နိုင်ငံရေးအကျဉ်းသားတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့ အကျဉ်းဦးစီးဌာနရဲ့ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့အတွက် သူတို့ရဲ့ ကိုယ်ရေးအချက်အလက် တွေကို သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းတွေဆီကို ဖြန့်ဝေသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ ဝန်ထမ်း ၁၃၀ ကျော်ရဲ့ နာမည်စာရင်းတွေဟာ အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ထောင်ပြောင်းရွှေ့မှု တစ်ခုချင်းစီတိုင်းအတွက် တရားမျှတမှုဖော်‌ဆောင်ရာမှာ တာဝန်ယူမှုကို အပြည့်အဝ ခံယူကြရမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဆိုပါဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တော်လှန်ရေးအဖွဲ့တွေဆီကို ဖြန့် ဝေသွားမှာဖြစ်ပြီး သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ‌တွေအနေနဲ့ တာဝန်ယူတဲ့ လမ်းပိုင်းတစ်လျှောက်မှာ မှတ်ပုံတင်နံပါတ်တွေကို စီစစ်ပြီး စစ်ဆေးဖမ်းဆီးပေးဖို့ကိုလည်း PPNM က တောင်းဆိုထားပါတယ်။

“ကျွန် တော်တို့က လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ အဖွဲ့အစည်းဖြစ်တာ ကြောင့် လူ့အခွင့်အရေးနဲ့အညီ အရေးယူသွားမှာပါ” လို့ PPNM က ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

ဒါကြောင့် ပြည်သူ့ဘက်ကို အမြန်ဆုံးကူးပြောင်းပြီးတရားမျှတမှုအတွက် ရင်ဆိုင်ရန် ထောင်တံခါးတွေကို အတူချိုးဖြတ်ကြဖို့ကိုလည်း PPNM အဖွဲ့အစည်းအနေက‌နေ သတိပေးထားပါတယ်။
ကျန်တဲ့ အကျဉ်းဦးစီးဌာန လက်အောက်ဝန်ထမ်း တွေရဲ့ကိုယ်ရေးအချက်အလက် အသေးစိတ်တွေကို PPNM အနေနဲ့ အတည်ပြုရရှိကာ စီစစ်ထားပြီးဖြစ်သလို အမိန့်ပေးစေခိုင်းသူတွေ၊ ကျူးလွန်သူတွေနဲ့ ပါဝင်ပတ်သက်တဲ့ ဝန်ထမ်းတွေကို ထိရောက်တဲ့ တရားမျှတမှု ပြန်လည်ရယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခု ထုတ်ပြန်တဲ့ စာရင်းဟာ ပထမဦးစားပေး စစ်ဆေးရမယ့်စာရင်းကို ထုတ်ပြန်ထားတာဖြစ်ပြီး အခြားအဆင့်ဝန်ထမ်းတွေရဲ့ အချက်အလက် တွေကို လျှို့ဝှက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီကို ဖြန့်ဝေသွားမှာဖြစ် တယ်လို့ PPNM က ဆိုထားပါတယ်။

“ဒီလို ထုတ်ပြန်လိုက်တဲ့အတွက် အကျဉ်းစီးဘက်ကနေ အများကြီး ပြုပြင်ပြောင်းလဲမှူတွေ လုပ်လာနိုင်သလို နိုင်ကျဉ်းတွေကို မဲတာမျိုး တွေလည်းရှိနိုင်ပါတယ်။ ဒါကတော့ စစ်တပ်ရဲ့ ယန္တရား သူတို့လုပ် နေကျ ပုံစံပါပဲ။ ကျွန် တော်တို့ကတော့ ထုတ်မပြရသေးတဲ့ အချက်အလက် တွေ အများကြီး ရှိနေသေးတယ်လို့ပဲ ပြောချင်ပါတယ်” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ပုံအဟောင်းတွေကို အသုံးပြုထားပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူများအပေါ် အနိုင်ကျင့်နေသည့် ပျူစောထီးခေါင်းဆောင်ကို MBT အဖွဲ့ ဖမ်းဆီး

“အဓိကကတော့ မြို့ပေါ်မှာ တခြားစစ်ဆင်ရေးလုပ်ဖို့အတွက် အသွင်ယူပြီးသွားတဲ့အချိန်မှာ သူနဲ့ တွေ့တာပေါ့နော်။ သူ့ကိုတွေ့တဲ့ အချိန်မှာ ဖမ်းဆီးလာတယ်။ သွားလုပ်တဲ့ မစ်ရှင်ကို ဖျက်ခဲ့လိုက်တယ်ပေါ့နော်။ သူ့ကိုပဲ အဓိက ဖမ်းဆီးလာခဲ့လိုက်တယ်။ ပျူခေါင်းဆောင်ဆိုတော့လေ။ သူနဲ့ကလည်း ရုန်းရင်းဆန်ခတ်တော့ မဖြစ်လိုက်ဘူး…. တသာတကြည်ပဲ လိုက်လာတာပေါ့နော်။ အဲ့လို အနေအထားပါ” လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်း ၇ မိုင် ကျေးရွာတွင် တိုက်ပွဲဖြစ်နေ၊ စစ်ကောင်စီက အဆက်မပြတ် လေကြောင်းတိုက်ခိုက်ကာ နှစ်ဖက်ကျဆုံးမှုများရှိနေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းရော မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား…

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကြယ်နီတပ်ဦး (RSF) က ထုတ်ပြန်ထားပါတယ်။
Read More

PDF နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး နိုင်ငံအနှံ့ ထောင်သောင်းချီ အင်အားဖြင့် အထွေထွေ ထိုးစစ်ကြီး စတင်ဖို့ အချိန်တန်ပြီဟု NUG ကာကွယ်ရေးဝန်ကြီး ပြောကြား

PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တစ်နိုင်ငံလုံးမှာ နေရာစုံစစ်မျက်နှာဖွင့်ကာ အထွေထွေ ထိုးစစ်ဆင်နွှဲဖို့ အချိန်တန်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲဆီ အောင်ဇေယျစစ်ကြောင်းက တပ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကနေ စစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲက ထုတ်ပြန်ထားပါတယ်။