မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မြို့သစ်မြို့နယ်၊ မင်းသာကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒကစ (ကလေး) လက်အောက်ခံ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ‎နေဝင်းထွန်း(ခ)ကိုပိုင်ဟာ ဇူလိုင် ၁၁ ရက်က တမူးခရိုင် အမှတ် ၂ တပ်ရင်းဆီ လက်နက်မပါဘဲ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

ကျန်ရှိနေသေးသည့် စစ်မှုထမ်း တပ်သားသစ်တွေ အပါအဝင် စစ်ကောင်စီ လက်အောက်ခံ အားလုံး အမြင်မှန်ရကာ ‎ပြည်သူ့ရင်ခွင်ဆီ အမြန်ဆုံးခိုလှုံကြဖို့ တမူးခရိုင် ၊ အမှတ် -၂ တပ်ရင်းက ဖိတ်ခေါ်ထားပါတယ်။

0 Shares:
You May Also Like
Read More

အရှိုချင်းကာကွယ်ရေးတပ် (ACDF) က အပတ်စဉ် ၆ စစ်သင်တန်းအတွက် တပ်သားသစ်တွေ ခေါ်ယူနေ

ချင်းပြည်နယ်အခြေစိုက် အရှိုချင်းကာကွယ်ရေးတပ် (ACDF) က အပတ်စဉ် ၆ အခြေခံစစ်ပညာသင်တန်းအတွက် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်း ၃ကြောင်းခွဲပြီး ဝင်လာသည့် စစ်အုပ်စု ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ရက်တာအတွင်း ဒရုန်းဖြင့် ဗုံး (၂၈) လုံးနှင့် လက်နက်ကြီး (၆၈) လုံး ပစ်ကူတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ နောင်အော၊ လုံစံနဲ့ နောင်ဖာကျေးရွာတို့မှာ   တိုက်ပွဲဖြစ်ပွားနေရာ ဇွန်လ (၂၅) ရက် တစ်ရက်အတွင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈) လုံး၊ လက်နက်ကြီး (၆၈) လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီက ဒီမနက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် - MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို DPLF/DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်

တပေါင်းလဆန်း(၁၄)ရက်မှာ ကျရောက်တဲ့ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ရဲ့ လှုပ်ရှားနယ်မြေ တစ်နေရာမှာ DPLF/DPLA က ဦးဆောင်ပြီး အကျဥ်းရုံး ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာမရှိဘူးလို့ မုံရွာခရိုင် တပ်ရင်း (၂) ထုတ်ပြန်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) - အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစု က စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာ လုံးဝမရှိဘူးလို့ ထုတ်ပြန်လာပါတယ်။