”တပ်ထဲမှာ နှစ်ရှည်လများ ၁၅ နှစ်၊ အနှစ် ၂၀ ထမ်းဆောင်တဲ့သူတွေတောင်မှ အခုလိုမျိုး ပြေးချင်နေတာ ကျနော်တို့လို မနေ့တနေ့ကမှ ထမ်းဆောင်ရသူတွေဆို ပိုဆိုးတာပေါ့။ ဒါကြောင့်လည်း ကျနော်ဆုံးဖြတ်ချက်ချပြီး အလင်းဝင်လာချင်ဖြစ်တယ်။ ပြီးတော့ ကျနော်တစ်ဦးတည်း အလင်းဝင်ချင်တာမဟုတ်ဘူး။ ၁၀ နှစ်၊ ၁၅ နှစ် ကောင်တွေတောင်မှ လွတ်မြောက်နယ်မြေမှာ အေးရာအေး ကြောင်းနေဆိုရင် ထိပ်ဆုံးကပြေးမယ့်ကောင်တွေ။ ကျနော်တို့ ပစတွေဆို မပြောတော့နဲ့ပေါ့နော်။ ၂ နှစ်ပြည့်လို့မှ သူတို့ဖက်က ကတိမတည်ဘူးဆိုလို့ရှိရင်၊ သူတို့ကတိမတည်ဆိုတာကိုလည်း ကျနော်ယုံတယ်။ အဲဒါကလည်း ဒီ ၂၀၂၆ လေးလပိုင်း ၈ ရက်နေ့ဆိုရင်မှာပေါ့”

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မြို့သစ်မြို့နယ်၊ မင်းသာကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒကစ (ကလေး) လက်အောက်ခံ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် နေဝင်းထွန်း(ခ)ကိုပိုင်ဟာ ဇူလိုင် ၁၁ ရက်က တမူးခရိုင် အမှတ် ၂ တပ်ရင်းဆီ လက်နက်မပါဘဲ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

Video-တမူးခရိုင် ၊ အမှတ် -၂ တပ်ရင်း

0 Shares:
You May Also Like
Read More

ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ကြား တော်ဝိကျေးရွာမှာ အထိုင်ချထားသည့် စစ်တပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ချေမှုန်းစဉ် ဖမ်းဆီးမိခဲ့တဲ့ ရဲတပ်ကြပ်လင်းထင်၏ ပြောကြားချက် (ရုပ်/သံ)

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ညောင်လေးပင်မြို့နဲ့ ကျောက်တံခါးမြို့ကြား တော်ဝိကျေးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို ဇွန်လ ၂၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ (၅၁၁) တပ်သား- သန်းအောင်၏ ပြောကြားချက် (ရုပ်/သံ

''အိမ်ကိုလည်း လွမ်းတယ်။ မိသားစုကိုလည်း လွမ်းတယ်။ တပ်ထဲမှာလည်း အဆင်မပြေဘူး။ ထိုးကြိတ်ခံရတာတွေ ဖိနှိပ်ခံရတာတွေရှိတယ်။ ဘာတွေတိုက်နေရတာလဲ ရည်ရွယ်ချက်ကိုမသိဘူး။ ဒါကြောင့် တော်လှန်ရေးအဖွဲ့ထဲ ဝင်လာခဲ့တာဖြစ်တယ်။ ဒီမှာအားလုံးအဆင်ပြေပါတယ်။ သူငယ်ချင်းတွေကိုလည်း တော်လှန်ရေးအဖွဲ့အစည်းမှာ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အရာရှိတွေပြောသလို ဒီမှာသတ်မယ်၊ ဖြတ်မယ်ဆိုတာ တကယ်မဟုတ်ပါဘူး''
Read More

ရေစကြိုမြို့ ခလရ ၂၅၇ မှ စစ်မှုထမ်းတပ်သား ချစ်စမ်းကို၊ ရေစကြိုမြို့ ခလရ ၂၅၆ မှ စစ်မှုထမ်းတပ်သား မြင့်စိန်၊ ရေစကြိုမြို့ ခလရ ၂၅၈ မှ စစ်မှုထမ်းတပ်သား စည်သူကျော်တို့ Southern YSO PDF ထံ အလင်းဝင်ပြီးနောက် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဝန်ခံ (ရုပ်/သံ)

“ဘလဗရွာကို မီးရှို့တာ ၂ ခါရှို့တာပေါ့နော်။ ပထမတစ်ခါ ရှို့ပြီးတဲ့အချိန်မှာ သူတို့ စစ်တပ်က ထိန်းသိမ်းထားတဲ့ ဘုန်းကြီးကျောင်းထဲမှာ ဓားစာခံလုပ်ဖမ်းထားတယ်။ ဘွားတော်ကြီး ၂ ယောက်ရယ် အဘိုးကြီး ၁ ယောက်ရယ် သူတို့က ၃ ယောက်။ မီးရှို့တာကိုမြင်တော့ သူတို့ အိမ်တွေမှာ နွားတွေ ချည်ထားခဲ့တာ ရှိတယ်ပြောတော့ မီးကို သွားငြှိမ်းပေးတယ်။ သွားငြှိမ်းတာ အယောက် ၃၀ လောက်ရှိမယ်။ ငြှိမ်းတဲ့ဟာကို သူတို့က ဓာတ်ပုံရိုက်ပြီးတော့ ဘာလုပ်လဲဆိုတော့ PDF က ရှို့ထားတဲ့ မီးကို တပ်မတော်သားတွေက ငြှိမ်းနေပါတယ်ဆိုပြီး လုပ်တယ်။ ရှို့တာက စစ်တပ်က ရှို့တာ”
Read More

အမ်း-ပဒါန်း စစ်မြေပြင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသည့် ပစ/တပ်သား အောင်သက်ထွန်း၏ ထွက်ဆိုချက်ရုပ်သံဖိုင် ထုတ်ပြန်ချက်

''ကျနော် ၁/၂၀၂၄ က သင်တန်းဆင်းပါတယ်။ သင်တန်းမှာ သင်တန်းသားဦးရေ ၆၉၉ ယောက် ရှိပါတယ်။ ကျနော်တို့လည်းပဲ သူတို့လည်း ပေါ်တာဆွဲခံရတာများပါတယ်။ ထွက်ပြေးတဲ့သူလည်း များပါတယ်။ ပြန်ဖမ်းမိရင် ရုံးထဲမှာ ထိပ်တုံးခတ်ထားပြီး ရိုက်နှက်ပါတယ်။ လက်ကျိုးခြေကျိုးဖြစ်တာတွေလည်း တွေ့ခဲ့ရပါတယ်''
Read More

နေအိမ်မှာ ပေါ်တာဆွဲခံခဲ့ရသူ စစ်မှုထမ်း တပ်သား မင်းခန့်၏ ပြောကြားချက် (ရုပ်/သံ)

ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းအနီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပုဂံကွဲစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား မင်းခန့်ဟာ ဧပြီ ၂၀ ရက်က ကျောင်းသားလက်ရုံးတပ်တော်ဆီ အလင်းဝင်ရောက်လာခဲ့ပါတယ်။