အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

ဆားလင်းကြီးမြို့နယ်အခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ (ဓားမဆိုင်းတပ်မတော်) နဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ (တဇောက်ကန်းဘဂျမ်းတပ်ဖွဲ့) တို့ကို တပ်ရင်းတစ်ရင်းတည်းအဖြစ် ပေါင်းစည်းကြောင်း တပ်ရင်းမှူး ၂ ယောက်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာဖြစ်ပါတယ်။

“ယင်းမာပင် ခရိုင်တပ်ရင်း၂၈ ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၃၁ နှစ်ရင်း တစ်ရင်း ပေါင်းလိုက်ပါပြီ၊ ” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ရဲ့ တပ်ရင်းမှူး ဗိုလ်စွမ်း (ဓားမဆိုင်း) က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အညာဒေသမှာ တပ်ရင်းတွေ ဖောင်းပွနေတာကို လျော့ကျစေဖို့ စုစည်းညီညွတ်စွာ ဘုံရန်သူကို အားကောင်းကောင်းနဲ့ တိုက်ထုတ်ဖို့ အခုလို ပေါင်းစည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့နယ် ပကဖ ၏ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို မတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲဆီ အောင်ဇေယျစစ်ကြောင်းက တပ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကနေ စစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲက ထုတ်ပြန်ထားပါတယ်။
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကန်ပက်လက်ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက်သေပြီး ၂ ယောက် အရှင်ဖမ်းဆီးရမိ…

ချင်းပြယ်နယ်၊ ကန်ပက်လက်မြို့ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် အရှင်ဖမ်းဆီးရမိထားတယ်လို့ Laung She Regional People's Defence Force က သတင်းထုတ်ပြန်လာပါတယ်။
Read More

လောင်းလုံး ဒေသခံ အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ထားဝယ်သပိတ်ကော်မတီ ထုတ်ပြန်…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ‌လောင်းလုံဒေသခံ အမျိုးသမီး ၁ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီဇင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူတစ်ယောက် သေနတ် ၂ လက် ခိုးယူထွက်ပြေးလွတ်မြောက်ခဲ့ရာက သိန်း ၁၀၀ ချီးမြှင့်ငွေ ရရှိခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပြည်သူတစ်ယောက်ဟာ စစ်သားတွေရဲ့ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေကို ခိုးယူကာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။