ယခင်ဘိုင်ဒင်အစိုးရလက်ထက်က ချမှတ်ခဲ့တဲ့ စစ်ကောင်စီထောက်တိုင် ခရိုနီ လက်နက်ပွဲစားတချို့နဲ့ ၎င်းတို့လုပ်ငန်းတွေအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်ရုပ်သိမ်းကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်တပ်ဆက်နွယ်နေတဲ့ ခရိုနီစီးပွားရေးသမား၊ လက်နက်ပွဲစားများဖြစ်တဲ့ ဂျွန်နသန်မျိုးကျော်သောင်း၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်နဲ့ တင်လတ်မင်းတို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ထားမှုကနေ ဖယ်ရှားပေးခဲ့တာဖြစ်ပါတယ်။

အမေရိကန်သွင်းကုန်ခွန် တိုးမြှင့်ကြောင်း ထရမ့်ရဲ့အကြောင်းကြားစာကို မင်းအောင်လှိုင်က အကြောင်းပြန်စာပေးပို့ခဲ့ပြီး ၂ ပတ်အကြာမှာ အမေရိကန်ဘဏ္ဍာရေးဌာနက အခုလို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘာကြောင့် ပိတ်ဆို့စာရင်းထဲကနေ ဖယ်ရှားခဲ့တာလဲဆိုတဲ့အပေါ် ဘဏ္ဍာရေးဌာနအနေနဲ့ ပြောဆိုဖို့ ငြင်းဆန်ထားပါတယ်။

Reuters ကိုပေးပို့တဲ့ စာထဲမှာတော့ လက်ထောက်ဘဏ္ဍာရေးဝန်ကြီး Michael Faulkender က အဆိုပါ စကစထောက်တိုင်တွေအပါအဝင် အရေးယူပိတ်ဆို့တဲ့စာရင်းထဲ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ပုံမှန်အတိုင်း သွင်းတာ၊ ဖယ်ရှားတာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုထားပါတယ်။

အမည်မဖော်လိုတဲ့ ထရမ့်အစိုးရ အကြီးတန်းအရာရှိတဦးကလည်း ပိတ်ဆို့အရေးယူမှုတွေကို ရုတ်သိမ်းတဲ့ ဆုံးဖြတ်ချက်ဟာ မင်းအောင်လှိုင်ရဲ့ စာနဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။

“ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အရင်အစိုးရလက်ထက်က စတင်ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို ထင်ဟပ်စေပါတယ်” “ဒီဆုံးဖြတ်ချက်တွေနဲ့ စာကြားမှာ ဆက်စပ်မှုမရှိပါဘူး” လို့ ၎င်းက ဆိုပါတယ်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Anna Kelly က ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းကနေဖယ်ရှားခြင်းအတွက် “ဘဏ္ဍာရေးဌာနရဲ့ စံနှုန်းနဲ့အညီ ပြီးခဲ့တဲ့ နှစ်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း” ပြောဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေအများစုက စစ်ကောင်စီခေါင်းဆောင်တွေနဲ့ ထောက်ပံ့ရေးယန္တရားထဲပါဝင်နေတဲ့ ၎င်းတို့ထောက်တိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Human Rights Watch (HRW) ရဲ့ အာရှရေးရာ ဒါရိုက်တာ John Sifton ကတော့ စစ်အုပ်စု ထောက်တိုင်တွေကို ပိတ်ဆို့အရေးယူမှုကနေ ဖယ်ရှားပေးလိုက်တဲ့ကိစ္စဟာ အလွန်စိုးရိမ်စရာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ Kelly က HRW ရဲ့ မှတ်ချက်တွေကို “သတင်းတုတွေ” အဖြစ် ပယ်ချခဲ့သလို၊ ထရမ့်အစိုးရရဲ့ ဒုတိယအကြီးတန်းအရာရှိတဦးကလည်း အရေးယူပိတ်ဆို့မှုဆိုင်ရာဆုံးဖြတ်ချက်တွေက မြန်မာ့အရေးအမေရိကန်ရဲ့မူဝါဒကို ကြီးကြီးမားမား အပြောင်းအလဲဖြစ်တယ်လို့ မညွှန်ပြဘူးလို့ ပြောဆိုပါတယ်။
News-Reuters
0 Shares:
You May Also Like
Read More

AAC ရုံးအဆောက်အဦကို ရက် ၆၀ အတွင်း ထိုင်းအစိုးရ ဖျက်ခိုင်း

ထိုင်းရောက်မြန်မာအလုပ်သမားအရေးကို ကူညီဖြေရှင်းပေးတဲ့ AAC အဖွဲ့ရဲ့ ရုံးအဆောက်အဦကို ထိုင်းအစိုးရက ချိတ်ပိတ်လိုက်ပြီး ရက် ၆၀ အတွင်း မဖျက်သိမ်းပေးရင် ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ကြောင်း လာရောက် စာကပ်သွားတယ်လို့ သိရပါတယ်။
Read More

နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးနှင့် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လန်ဒန်မြို့ ပါလီမန်ရှေ့ မြန်မာ ၇၀၀ ခန့် ဆန္ဒပြ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ဦးဆောင်တဲ့ All in One Piece ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၃ ရက် မနေ့က လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

မြန်မာအနေဖြင့် နယ်ကျော်ရာဇဝတ်မှုများ ဖြေရှင်းရန် အာဆီယံ လိုလား

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ နယ်ကျော်ရာဇဝတ်မှုပြဿနာကို မြန်မာအနေနဲ့ ဖြေရှင်းဖို့ အာဆီယံက လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဌ ကိုယ်တိုင်တက်ရောက်ပြီး FATF ရဲ့ Black List ပယ်ဖျက်ပေးဖို့ တောင်းဆိုပေမယ့် မအောင်မြင်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ  ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံထားရတယ်လို့ ထိုင်းအခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ထိုင်းနိုင်ငံမှ ၁၅ ဦးသေဆုံးပြီး ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်နေရ

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား ဒုတိယနေ့အဖြစ် နယ်စပ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ထိုင်းနိုင်ငံက ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရက ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။