မန္တလေးတိုင်းက တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနီးရှိ ရွှေလိပ်ပြာဟိုတယ်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေ‌ဆုံးသူတွေရှိတယ်လို့ မိုးကုတ်မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၂၆ ရက် ညနေ ၅ နာရီဝန်းကျင်လောက်မှာ မိုးကုတ်မြို့ရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း သွားတဲ့ လမ်းမှာရှိတဲ့ ရွှေလိပ်ပြာဟိုတယ်ကို အကြမ်းဖက်စစ်အုပ်စုက ပေါင် ၅၀၀ ဗုံးသီးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ ၁ ဦးသေဆုံးကာ ၃ ယောက် ထိမှန်သွားတယ်လို့ ဆိုပါတယ်။

“ထိတွေ့မှုလဲမရှိဘူးဗျ ၊ ဒီတိုင်းချဲသွားတာဗျ ဟိုတယ်က မဖွင့်ထားဘူးဗျ ၊ လောလောဆယ် ဒီလောက်ပဲသိရသေးတယ်” လို့ မိုးကုတ်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ရွှေလိပ်ပြာဟိုတယ်တစ်ခုလုံး ထိမှန်ပျက်ဆီးသွားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှာ TNLA တပ်ဖွဲ့က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော် PDF တပ်ရင်း ၈၀၅ က ရဲဘော် ၉၀ ဦးအတွက် ကျည်ကာအစုံ ၉၀ ဝယ်ယူတပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထနောင်းစစ်ကြောင်း၊ နေပြည်တော် PDF တပ်ရင်း ၈၀၅ က ရဲဘော် အယောက် (၉၀) အတွက် တိုက်ပွဲဝင်ဖို့ ကျည်ကာတွေ ဝယ်ယူပြီးစီးကြောင်း ဓာတ်ပုံတွေနဲ့အတူ အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သံတောင်ကြီးရှိ စစ်ကောင်စီ တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ ကြည်းတပ် တိုက်ခိုက်ရေး သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။
Read More

လုံခြုံရေးတင်းကျပ်ထားသည့် မန္တလေးမြို့လယ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စု လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်မှာ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လူထုခေါင်းဆောင်ရဲ့ သားဖြစ်သူ ကိုထိန်လင်း နဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းတို့ တွေ့ဆုံခဲ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းနဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းတို့ လန်ဒန်မြို့မှာတွေ့ဆုံခဲ့ကြတယ်လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းများကို SAGAING-PDF မဟာမိတ်များနှင့်အတူ တိုက်ခိုက်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) အနေနဲ့ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းလက်တွဲပြီး တိုက်ပွဲဝင်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။