တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၁၀ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၅ ရက် မနေ့က ည ၁၀ နာရီခွဲဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာကို ဒရုန်းနဲ့ ဗုံးသီး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဗုံးသီးဟာ ကျေးရွာအတွင်းက နေအိမ်ပေါ်ကို ကျရောက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ ဒဏ်ရာရရှိသူတွေကို ကယ်ဆယ်နေချိန်အတွင်း ပါဒစက်တော်ရာ တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ထပ်မံ ပစ်ခတ်ရာ အဆိုပါနေအိမ်ကို ထပ်မံကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျရောက်ပေါကွဲမှုကြောင့် နောက်ထပ် ပြည်သူ (၉) ယောက် သေဆုံးပြီး (၃) ယောက် ထပ်မံ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲဖြစ်နေတာလည်းမရှိဘူး။ ဖြစ်နေတာက ပလမြို့မှာ ခင်ဗျ။ ဒရုန်းကျချိန်နဲ့ လက်နက်ကြီး ကျချိန် သိပ်မကွာဘူး။ ဒီတိုင်းသက်သက်ကြီး အရပ်သားနေအိမ်တွေကို လာတိုက်ခိုက်သွားတာ ဟုတ်ပါတယ်။ ဒဏ်ရာရတဲ့လူတွေကို ကယ်မယ်ဆိုတာ သေချာပေါက်သိလို့ တမင်ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ထပ်ပစ်တာ သိပ်အောက်တန်းကျတဲ့ လုပ်ရပ်ပါပဲဗျ” လို့ မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

ထိခိုက် သေဆုံးခဲ့သူတွေဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နီးစပ်ရာ ကျေးရွာမှာ ဝင်ရောက်တည်းခိုနေတဲ့ ခရီးသွားပြည်သူတွေ ဖြစ်တယ်လို့ မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ပုလောမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ စနစ်တကျ တူးထားဖို့နဲ့ တိုက်ပွဲဖြစ်ပွားရင်လည်း တိုက်ပွဲ ဧရိယာအတွင်းကနေ ဘေးလွတ်ရာကို အမြန်ဆုံး ထွက်ခွာဖို့ မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းက တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

ဆီဆိုင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ သားအမိ နှစ်ယောက် သေဆုံးခဲ့ရ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ဖြီကျွတ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က အသိပေးထုတ်ပြန်ပါတယ်။  
Read More

တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ဖေဖော်ဝါရီ ၂၅ ရက်မှာ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို ထွက်ပြေးတိမ်းရှောင်ရင်း သက်ကြီးရွယ်အို ၃ ဦး အအေးမိ သေဆုံး

မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေမှုကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါ စစ်ရှောင်တွေထဲက သက်ကြီးရွယ်အို ၃ ယောက် ရာသီဥတုဒဏ်ကြောင့် အအေးမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

SSNDF / KNDF ဗျူဟာအမှတ် ၉ ရှိ ရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် (SSNDF) / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် ၉ က တော်လှန်ရဲဘော်တွေရဲ့ရှေ့တန်းစစ်မြေပြင်မှာ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးမငြိမ်သက်နေတဲ့ ဆင်ဖြူကျွန်းမြို့က စစ်ရှောင် ၁၀၀ နီးပါးကို PDF က ကူညီစောင့်​ရှောက်ပေးထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့မှာ ထိတွေ့တိုက်ပွဲအခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ အရပ်သားတွေကို လက်ခံစောင့်ရှောက်ထားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် ၅တပ်ရင်း တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။