အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထောင်ချထားတဲ့ ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ (ခ) ဦးဇာနည်အောင်ဟာ အကျဥ်းထောင်အတွင်း ရရှိခဲ့တဲ့ ရောဂါတွေနဲ့ ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ကျန်းမာရေးကြောင့် ကျဆုံးရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၇ ယောက်အထိ ရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။

ဇူလိုင်လ ၂၅ ရက် မနေ့ကညနေပိုင်းမှာ မန္တလေး ပြည်သူ့ဆေးရုံကြီးအတွင်း ပျံလွန်တော်မှုခဲ့တဲ့ ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ တစ်ဖြစ်လဲ ဦးဇာနည်အောင် ဟာ ပျံလွန်တော်မှုချိန်မှာ သက်တော် ၃၆ နှစ်နဲ့ ဝါတော် ၁၆ ဝါ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော် ဦးပသံသိယကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် ညပိုင်းမှာ မန္တလေးမြို့၊ ပုဂံကျောင်းတိုက်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ (၅၀) ညနဲ့ အမှုဖွင့်အရေးယူကာ ထောင်ဒဏ် (၁၅) နှစ် မတရားချမှတ်ထားတာလည်း ဖြစ်ပါတယ်။

ဆရာတော်အခုလို ပျံလွန်တော်မူခဲ့ရတာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှုကို ခံနေရချိန်အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ကင်ဆာရောဂါကြောင့်ဖြစ်ပြီး ပျံလွန်တော်မှုသွားတဲ့အတွက် အလွန်ဝမ်းနည်းကြေကွဲရကြောင်း သံဃသမဂ္ဂ (မန္တလေး) က ထုတ်ပြန်ထားပါတယ်။

ဆရာတော်ဟာ ထောင်တွင်းနှိပ်စက်မှုတွေကြောင့် ၂၀၂၃ ခုနှစ်မှာ ကင်ဆာရောဂါဝေဒနာ စတင်ခံစားခဲ့ရတာဖြစ်ပြီး အဲ့ဒီနှစ် အောက်တိုဘာလ အတွင်းမှာပဲ မန္တလေး ပြည်သူ့ဆေးရုံကြီးဆီ တက်ရောက်ဆေးကုသမှုခံယူခဲ့ပေမယ့်လည်း ဆေးဝါးနဲ့ ကုသမှုမလုံလောက်မှုတွေကြောင့် ထောင်ကျပြီး ၂ နှစ်အကြာမှာပဲ အခုလိုပျံလွန်တော်မှုခဲ့တယ်လို့ သိရပါတယ်။

သံဃသမဂ္ဂ (မန္တလေး) ကတော့ အခုလို ဆရာတော် ဦးပသံသိယ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးတွေကို ဖိနှိပ်ထိန်းချုပ်ပြီး လုံလောက်တဲ့ ဆေးကုသမှုမပေးဘဲ အသက်ဆုံးရှုံးစေတာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။
” သူတို့(စကစ)ကတော့ သူတို့အာဏာတည်မြဲရေးအတွက် ဆန့်ကျင်တဲ့ဘယ်လို ရဟန်းရှင်လူပြည်သူတွေမဆို အခုလို ဖမ်းဆီးခြင်း၊ ဖိနှိပ်ချုပ်ခြယ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ထောင်ထဲမှာရောက်သွားရင်လည်း ဆေးကုသခွင့်ကောင်းကောင်းမပေးတာတွေလုပ်တယ်။ ဒါတွေက ရှေ့မှာရောအခုရော နောက်လည်းပဲဆက်ရှိနေဦးမှာပါပဲ။ ဒါကြောင့်မို့ NUG အစိုးရအပါဝင် လူအား၊ မူအားဖြင့်ဖြစ်စေ ပြုပြင်ပြောင်းလဲသင့်သူတွေ ပြောင်းလဲပြီး မဟာမိတ်တွေနဲ့စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့လက်တွဲပြီး စစ်အနိုင်တိုက်ရေးကို ဦးတည်ဆောင်ရွက်ကြပါ”လို့ ဦးဓမ္မမေတ္တာ (သံဃသမဂ္ဂ-မန္တလေး)က မောင်းကိုမိန့်ပါတယ်။

ဆရာတော် ဦးပသံသိယမတိုင်ခင်မှာလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရွှေညဝါဆရာတော်နဲ့ စာရေးဆရာ မောင်သာချိုနဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဥ်းကျခဲ့ဖူးသူတွေဟာ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုတွေကြောင့် ကျဆုံးခဲ့ရပါတယ်။

” နိုင်ကျဥ်းတွေထဲ ကျန်းမာရေးကြောင့်ကျဆုံးခဲ့ရသူက ဒီနှစ်အတွင်း ဒီနေ့ပါနဲ့ဆို ၁၇ ယောက်ရှိပါပြီ။ ထောင်ထဲမှာ စားရတဲ့အစားအသောက်တွေဟာ အရသာမရှိတော့ဘူး။ အသားဓာတ်ပမာဏနည်းလာတယ်။ အရင်က ကြက်ဥငါးလုံးရရာကနေ အခု၂လုံးပဲရတော့တယ်။ အာဟာရအပြည့်ဝမရတော့ ကိုယ်ခံအားတွေကျလာပြီး ရောဂါတွေရသေဆုံးရတာတွေအထိဖြစ်လာတယ်။ ကင်ဆာနဲ့ပက်သက်ရင် အပြင်မှာနေတဲ့သူတွေတောင် အချိန်နဲ့တပြေးညီကုသဖို့လိုနေတာထောင်ထဲမှာတော့ မဖြစ်နိုင်ပါဘူး။ အာဏာပိုင်တွေ ခွင့်ပြုမှပဲ ဆေးကုသခွင့်ရကြတာပါ။ ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။

ပုံစာ – ပျံလွန်တော်မှုခဲ့သည့် ဆရာတော် ဦးပသံသိယ
0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ဖွဲ့ကို စိန်ခေါ်ထားသည့် တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ဦး ကွမ်းယာထွက်ဝယ်ရင်း ဖမ်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကနေ ကွမ်းယာဝယ်ဖို့ ထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဗန်းမောက်တွင် စစ်ကောင်စီလက်အောက်ခံ SNA တပ်ဖွဲ့၏ ကာကင်းစခန်းကို PDF ဝင်ရောက်တိုက်ခိုက်၊ SNA ၃ ဦး ထက်မနည်း သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ SNA တပ်ဖွဲ့ဝင်တွေရဲ့ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရင်း တော်လှန်ရေး ရဲဘော်၁ယောက် ကျဆုံးခဲ့ကြောင်း ကသာခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့ စတင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့မှာ စတင်ခဲ့တယ်လို့ အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ပါတယ်။
Read More

ပြင်းအားမြင့် ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁ ထောင်ကျော် ရှိလာ

နိုင်ငံတဝန်းမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် သေဆုံးသူ ၁ ထောင်ကျော်ရှိလာနေပြီလို့ စစ်ကောင်စီကနေ ဒီနေ့ မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီမှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် အခြေခံစစ်သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ကယန်းဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့…

ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။