အကြမ်းဖက်စစ်ကောင်စီဟာ စစ်ကိုင်းငလျင်အတွက် နိုင်ငံတကာရဲ့ အရေးပေါ်ကယ်ဆယ်ရေးငွေတွေကို ရွေးကောက်ပွဲ ပြုလုပ်ဖို့ အလွဲသုံးစား ပြုလုပ်နေတယ်လို့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းငလျင်ကြီးဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေရဲ့ ပြန်လည်ထူထောင်ရေးအတွက် အသုံးမပြုဘဲ လက်နက်ဝယ်ယူတာ၊ ကျေးရွာတွေကို ဗုံးကြဲတာနဲ့ အာဏာတည်မြဲရေးအတွက် တရားမဝင် ရွေးကောက်ပွဲပြင်ဆင်တာတွေမှာ အလွဲသုံးစားပြုလုပ်နေရာ အဆိုပါလုပ်ရပ်တွေကို ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က ဆန့်ကျင်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ငလျင်ဘေးကူညီငွေများဖြင့် ပြုလုပ်မယ့် စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို ပြည်သူနှင့် အတူတကွ ဆန့်ကျင်ကြပါစို့” လို့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က တိုက်တွန်းထားပါတယ်။
ငလျင်ဘေးကူညီမှုနဲ့ လုပ်ဆောင်မယ့် ရွေးကောက်ပွဲအတုကို ပြည်သူ့အသက်နဲ့ အခွင့်အရေးအတွက် အတူတကွ ခုခံဖယ်ရှားဖို့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အခွင့်အရေးဆိုတာ တိုက်ယူမှရမယ်ဆိုပြီး လမ်းမှားရောက်နေတဲ့ လူငယ်တွေကို နှမျောတယ်လို့ အာဏာသိမ်းစစ်တပ် လက်ပါးစေ ကြံ့ခိုင်‌ရေးမှ သောင်းအေး ပြော

မတရားသဖြင့် စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာရဲ့ ဖိအားတွေ၊ အခွင့်အရေးဆိုတာ တိုက်ယူရမယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့အတူ လူငယ်တွေကို လမ်းမှားရောက်အောင် တွန်းပို့နေတယ်လို့ စစ်တပ် လက်ဝေခံ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး သောင်းအေးက ပြောပါတယ်။
Read More

မှော်ဘီ ရဲတပ်ရင်းက ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆု ချီးမြှင့်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ်ရင်း (၅) က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းတွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အရာရှိအပါ ၅ ဦး သေ

ပဲခူးတိုင်း၊ ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိနဲ့ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြင်းခြံမြို့အနီး အင်အားထောင်ချီ စစ်တပ်နှင့် ၁၁ ရက်တာ တိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၇၀ အထက် သေ၊ ၁၇၀ ကျော် ဒဏ်ရာရပြီး MBT တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့အနီးမှာ ၁၁ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က တပ်သား ၇၀ နဲ့အထက် သေဆုံးခဲ့သလို ၁၇၀ ကျော် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုသိမ်ကြီးနှင့် မတ္တရာအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF ထုတ်ပြန်၊ စစ်ကောင်စီအလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်လာမှုတွေ ရှိနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF သတင်းထုတ်ပြန်ပါတယ်။