”တပ်ထဲမှာ နှစ်ရှည်လများ ၁၅ နှစ်၊ အနှစ် ၂၀ ထမ်းဆောင်တဲ့သူတွေတောင်မှ အခုလိုမျိုး ပြေးချင်နေတာ ကျနော်တို့လို မနေ့တနေ့ကမှ ထမ်းဆောင်ရသူတွေဆို ပိုဆိုးတာပေါ့။ ဒါကြောင့်လည်း ကျနော်ဆုံးဖြတ်ချက်ချပြီး အလင်းဝင်လာချင်ဖြစ်တယ်။ ပြီးတော့ ကျနော်တစ်ဦးတည်း အလင်းဝင်ချင်တာမဟုတ်ဘူး။ ၁၀ နှစ်၊ ၁၅ နှစ် ကောင်တွေတောင်မှ လွတ်မြောက်နယ်မြေမှာ အေးရာအေး ကြောင်းနေဆိုရင် ထိပ်ဆုံးကပြေးမယ့်ကောင်တွေ။ ကျနော်တို့ ပစတွေဆို မပြောတော့နဲ့ပေါ့နော်။ ၂ နှစ်ပြည့်လို့မှ သူတို့ဖက်က ကတိမတည်ဘူးဆိုလို့ရှိရင်၊ သူတို့ကတိမတည်ဆိုတာကိုလည်း ကျနော်ယုံတယ်။ အဲဒါကလည်း ဒီ ၂၀၂၆ လေးလပိုင်း ၈ ရက်နေ့ဆိုရင်မှာပေါ့”

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မြို့သစ်မြို့နယ်၊ မင်းသာကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒကစ (ကလေး) လက်အောက်ခံ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် နေဝင်းထွန်း(ခ)ကိုပိုင်ဟာ ဇူလိုင် ၁၁ ရက်က တမူးခရိုင် အမှတ် ၂ တပ်ရင်းဆီ လက်နက်မပါဘဲ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

Video-တမူးခရိုင် ၊ အမှတ် -၂ တပ်ရင်း

0 Shares:
You May Also Like
Read More

အာဠာဝကစစ်ကြောင်း (၇၈၀၃ တပ်ရင်း)သို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားသုံးဦးနှင့် တွေ့ဆုံမေးမြန်းချက် (ရုပ်/သံ)

“သင်တန်းဆင်းတုန်းက ၃၄၀ ကျော်ရှိတယ်။ သင်တန်းသားရှိတာကတော့ ၃၆၀ ကျော်ပေါ့၊ ၂၀ ကျော် လောက်က ပြေးတာ၊ ကျနော်တို့လည်း မသိခဲ့ဘူး။ မင်းတို့တပ်ထဲထိအောင် သွားကြည့်ပါအုံး၊ တပ်ထဲ မှာ ဘယ်နေရတယ်၊ ဘယ်လိုထိုင်ရတယ်ဆိုပြီး စည်းရုံးတာ။ ပြီးတော့ သူတို့ထည့်တဲ့ ဆိုက်ဝါးကလည်း မင်းတို့ဟိုဘက်ကိုပြေးလို့ရှိရင် မိတဲ့သူတွေကို သတ်မယ်၊ ကျနော်တို့က ဒီဘက်ကို ပြေးလာရင် သတ်ပစ်ခံရမှာပေါ့"
Read More

Chinland Defense Force – Hakha ထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသည့် အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ပြည်သူ့စစ် ၁ ယောက်နှင့် တွေ့ဆုံမေးမြန်းချက် (ရုပ်/သံ)

“ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရမ်းဇာတိပါ၊ ကျနော့်အမျိုးသမီးကတော့ မကွေးသူပါ။ မကွေးမှာ လိုက်ပြီး အလုပ်လုပ်ရင်းနဲ့ မကွေးမှာ ပေါ်တာဆွဲခံရတာပါ။ စစ်မှုမထမ်းမနေရဆိုပြီး ပေါ်တာဆွဲခံရပြီးတော့ ကလေးမြို့ကို ရဟတ်ယာဉ်နဲ့ခေါ်သွားပါတယ်။ အဲဒီကိုရောက်တော့ ကျနော်တို့ ပစတွေကို သေနတ် အဖြုတ်အတပ်တွေသင်ပေးတယ်၊ ပစ်ခတ်မှုပုံတွေကိုလည်း သင်ပြပေးပါတယ်။ အဲဒါပြီးရင် အရေးကြီးတယ်ဆိုပြီး ကျနော်တို့ကို ရှေ့တန်းပို့ပါတယ်''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄) ကိုယ်ပိုင်အမှတ်- တ/၅၈၁၆၃၉ တပ်သား- အောင်ပြည့်လျှံ၏ ပြောကြားချက် (ရုပ်/သံ)

''အခုလက်ရှိတိုက်နေရတာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ကျောင်းဆင်းလာခါစ ရဲဘော်တွေဆိုရင် သူတို့အိမ်တွေနဲ့ မိဘတွေနဲ့ အဆက်အသွယ်မရကြဘူး။ ကျောင်းဆင်းလာတဲ့ ရဲဘော်တွေ ကျနော့်မျက်စိရှေ့တင် တစ်ယောက်လည်းမဟုတ် နှစ်ယောက်လည်းမဟုတ် တိုက်ပွဲကျကုန်တာ။ ကျောင်းဆင်း သူတို့ မိဘနဲ့ အဆက်အသွယ်မရခင် သူတို့က ကျသွားပြီ"
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ကျော်ဇင်ဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''စစ်တပ်ထဲကို ကျနော်တို့လည်း မဝင်ချင်ဘူး။ အတင်းအဓမ္မဝင်ခိုင်းတယ်။ ထွက်ပြေးလည်း လိုက်ဖမ်းတယ်။ စစ်တပ်ထဲမှာခေါ်ပြီး နှိပ်စက်တယ်။ ကျနော်တို့မလုပ်ချင်တာတွေလည်း အတင်းအဓမ္မခိုင်းတယ်။ သူတို့ဒီလုပ်ရပ်က လူမဆန်တဲ့ လုပ်ရပ်။ သဘောမကျဘူး။ အဲဒါကြောင့်မလို့ အလင်းဝင်လာတာ''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၈) ကိုယ်ပိုင်အမှတ်- တ/၁၃၂၈၉၅ တပ်သား – ဖြိုးဝင်အောင်၏ ပြောကြားချက် (ရုပ်/သံ)

''PDF တစ်ယောက်ကို စစ်ကြောင်း ၂က နယ်မြေရှင်းလင်းရေးနဲ့ ၁ ယောက်အရှင်မိသွားတယ်။ မပြေးနိုင်လို့ စခန်းကုန်းပေါ်မှာ ကျန်ခဲ့တာ။ Drop ဗုံးထိထားတာ။ အဲဒါဖမ်းလာတာ။ ဖမ်းပြီး သူတို့ လိုချင်တာတွေ မေးတယ်။ ဟိုလူကလည်း ပြန်ပြောတယ်။ သူတို့ လိုချင်တာမေးပြီး သတ်လိုက်တယ်။ တစ်နေ့ပဲထားတယ်''
Read More

ကျောက်နီမော်ရွာတွင် ပျူစောထီးဒုခေါင်းဆောင် လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင်လာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကျောက်နီမော်ကျေးရွာက ပျူစောထီးဒုခေါင်းဆောင် ၁ ယောက်ဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။