ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီစခန်း​တွေကို တစ်နေ့တည်းမှာ တိုက်ခိုက် သိမ်းပိုက်ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့တယ်လို့ PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၅ ရက် မနေ့က တစ်ရက်တည်းမှာပဲ ကျောက်ကြီးမြို့နယ်၊ ရင်တိုက်ကုန်းကျေးရွာနဲ့ လက်ပတ်ကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီစခန်း ၂ခုကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ်၊ ရင်တိုက်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်‌‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅)နဲ့အတူ အမှတ်(၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း နဲ့ KNLA တပ်ရင်း(၉) တို့က စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး(JOC) အစီအမံနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်စီရဲ့လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေအပြင် စစ်သုံး ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်သေဆုံးပြီး အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကာ စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ PDF အမှတ် -၂စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အဲ့ဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်လည်း ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အလားတူ အဲ့ဒီနေ့တစ်ရက်တည်းမှာပဲ ကျောက်ကြီးမြို့နယ်၊ လက်ပတ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)နဲ့အတူ အမှတ်(၃၅၀၃)တပ်ရင်း၊ နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ အမှတ်(၃၇၀၃)တပ်ရင်း၊ တောကျီးကန်းတပ်ရင်း နဲ့ KNLA တပ်ရင်း(၈) တို့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ကျဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါထိတွေ့တိုက်ပွဲတွေအတွင်း ပိတ်မိခဲ့တဲ့ စစ်ကောင်စီတပ်မိသားစုဝင်တွေကိုလည်း ဘေးလွတ်ရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ PDF အမှတ် -၂စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ထားပါတယ်။

ပုံစာ – တိုက်ပွဲအတွင်းသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် ကူညီကယ်ဆယ်ခဲ့ရသည့် စစ်ကောင်စီတပ် မိသားစုဝင်များ
0 Shares:
You May Also Like
Read More

ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို DPLF/DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်

တပေါင်းလဆန်း(၁၄)ရက်မှာ ကျရောက်တဲ့ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ရဲ့ လှုပ်ရှားနယ်မြေ တစ်နေရာမှာ DPLF/DPLA က ဦးဆောင်ပြီး အကျဥ်းရုံး ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဒေါင့်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာလို့ ကျပ်ငွေ ၈၁ သိန်း ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကန့်ဒေါင့်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတာကြောင့် ငွေကျပ် ၈၁ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာစခန်းက အနန်းကွင်းကျေးရွာက အိမ်ခြေ ၅၀ ခန့်ကို မီးရှို့ဖျက်ဆီး…

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဗျူဟာစခန်းက အနန်းကွင်းကျေးရွာရှိ အိမ်ခြေ ၅၀ ဝန်းကျင်က်ု မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကလေးဝမြို့နယ်၊ ဆင်အိုင်မရွာမှ ပျူစောထီးအဖွဲ့ဝင် (၁) ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် (၁) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF နှင့် ပကဖ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို NUG ကာကွယ်ရေးဒုဝန်ကြီးက တပ်ဗိုလ်တပ်မှူးများနှင့် ဆွေးနွေးခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်က တပ်ဗိုလ်တပ်မှူးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။