အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ထားတဲ့ အကြမ်းဖက်စစ်အုပ်စုအသုံးတော်ခံ ခရိုနီတွေဖြစ်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၄ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို စီးပွားရေးပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်လိုက်‌ကြောင်း ဇူလိုင်လ ၂၄ ရက် မနေ့က ထုတ်ပြန်ထားတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ရဲ့ ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်ပေးခဲ့တဲ့ ကုမ္ပဏီ ၃ ခုနဲ့ ပိုင်ရှင်တွေကတော့ KT Services & Logistics ကုမ္ပဏီနဲ့ ပိုင်ရှင် ဂျွန်နသန် မျိုးကျော်သောင်း၊MCM Group ကုမ္ပဏီနဲ့ ပိုင်ရှင် အောင်လှိုင်ဦး၊ Suntac Technologies ကုမ္ပဏီနဲ့ ပိုင်ရှင် စစ်တိုင်းအောင် တို့ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရ ပိတ်ဆို့အရေးယူထားတဲ့ ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင် ဦးသိန်းဇော်ရဲ့ ဇနီးဖြစ်သူ ဒေါ်တင်မင်းလတ်ကိုလည်း ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်ပေးလိုက်တဲ့ မြန်မာ ခရိုနီ ၄ ယောက်နဲ့ ကုမ္ပဏီတွေဟာ သမ္မတဘိုင်ဒန်အစိုးရလက်ထက်မှာ အရေးယူထားခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို လက်နက်နဲ့ ငွေကြေးစီးဆင်းမှုတွေ လည်ပတ်အောင် အကူအညီပေးနေတဲ့အတွက် အထက်ပါ ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန် သွင်းကုန်တိုးမြှင့်ကြောင်း ထရမ့်ရဲ့ အကြောင်းကြားစာအတွက် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ရက်မှာ အကြောင်းပြန်စာ ပေးပို့ခဲ့ပြီး ၂ပတ်အကြာမှာပဲ အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဘဏ္ဍာရေးဌာနကတော့ အခုလို လုပ်ဆောင်ရတဲ့ အကြောင်းအရင်းကို ရှင်းလင်းပြောဆိုတာမရှိသလို အိမ်ဖြူတော်ကလည်း မှတ်ချက်ပေးဖို့ Reuters ရဲ့ တောင်းဆိုချက်ကို မတုံ့ပြန်ထားသေးပါဘူး။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အာရှရေးရာဒါရိုက်တာ John Sifton က အမေရိကန်ရဲ့လုပ်ရပ်ဟာ တုန်လှုပ်ဖွယ်ဖြစ်ပြီး နောက်ကွယ်က စေ့ဆော်မှုဟာ ရှင်းလင်းပြတ်သားမှုမရှိကြောင်း ပြောပါတယ်။

“ဒီလိုလုပ်ဆောင်ချက်ဟာ လွန်ခဲ့တဲ့ လေးနှစ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို အာဏာသိမ်းပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့တဲ့ မြန်မာစစ်ကောင်စီကို ဒဏ်ခတ်ဖို့အာရုံစိုက်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒဟာ အပြောင်းအလဲဆီ ဦးတည်နေတာကို ပြတယ်” လို့ သူက ပြောပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်ကြောင့် နစ်နာသူတွေနဲ့ မြန်မာ့ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည်ထူထောင်ဖို့အတွက် တိုက်ပွဲဝင်နေ၊ ကြိုးပမ်းနေတဲ့ သူတွေအားလုံးအတွက် အတော်လေးစိုးရိမ်စရာ ဖြစ်စေပါတယ်” လို့ Sifton က ဆိုပါတယ်။

မူရင်းသတင်း – US lifts sanctions on Myanmar junta allies after general praises Trump

0 Shares:
You May Also Like
Read More

စစ်အုပ်စုနှင့် အပေါင်းအပါများအပေါ် ပစ်မှတ်ထားသည့် ILO ၏ အရေးယူမှု ဘယ်လိုသက်ရောက်မလဲ

ILO က ချမှတ်လိုက်တဲ့ အရေးယူမှုဆုံးဖြတ်ချက်ဟာ အခြေခံ စက်မှုကုန်ထုတ်လုပ်သားတွေအပေါ် ထိခိုက်မှုရှိမှာ မဟုတ်သလို နိုင်ငံကို စီးပွားရေးပိတ်ဆို့စေမှာ မဟုတ်ကြောင်း၊ စစ်အုပ်စုနဲ့အပေါင်းအပါတွေကိုသာ ပစ်မှတ်ထားအရေးယူသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် က မောင်းကို ပြောပါတယ်။
Read More

ထိုင်းနိုင်ငံတွင် ခိုလှုံနေသည့် မြန်မာစစ်ရှောင် ၄ သောင်းကျော်ကို အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရ သဘောတူ

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မြန်မာစစ်ရှောင် ၄ သောင်းကျော်ကို အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရအဖွဲ့က ဩဂုတ်လ ၂၆ ရက်မှာ မူအားဖြင့် သဘောတူလိုက်ပြီလို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 
Read More

မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂနဲ့ အီးယူက ကူညီမည်ဟုဆို

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနဲ့ မြန်မာပြည်က ရေဘေးသင့်ပြည်သူ ၅သိန်းခန့်ကို တစ်လတာ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ ကလေးစစ်သားအသုံးပြုမှု မြင့်တက်လာကြောင်း HRW ထုတ်ပြန်

ကလေးစစ်သားအသုံးပြုမှု ကာလရှည်နာမည်ဆိုးရှိခဲ့တဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကလေးစစ်သား စုဆောင်း အသုံးပြုမှု ပိုများလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇွန်လ ၂၀ ရက်မှာ ပြောပါတယ်။ 
Read More

စစ်အုပ်စု အသစ်ဖွင့်သည့် MRTV နှင့် MRN ဝါဒဖြန့်စာမျက်နှာများ Facebook မှ ထပ်မံ ဖယ်ရှားခံရ

မြန်မာစစ်အုပ်စုက အခုလအတွင်း အသစ်ဖွင့်ခဲ့တဲ့ MRTV စာမျက်နှာနဲ့ သူတို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို  ပြန်လည်ကူးတင်နေတဲ့ MRN (Myanmar News Network) စာမျက်နှာတို့ကို Facebook (Meta) က ထပ်မံဖယ်ရှားပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။ 
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ တာလယ် ဗျူဟာစစ်စခန်းကို KNLA ပူပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တာလယ်ဗျူဟာ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။