မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် Justice For Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန် တောင်းဆိုလိုက်သည်။

မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုများအတွက် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ ခဲယမ်းနှင့် နည်းပညာများ တစိုက်မတ်မတ် ပံ့ပိုးရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် စစ်လက်နက်ကုမ္ပဏီ China North Industries Co. Ltd (NORINCO) အား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်အရေးယူရန် Justice For Myanmar က နိုင်ငံတကာအစိုးရများအား တိုက်တွန်းတောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

အထူးသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDF-PDF) က သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများတွင် တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ China North Industries Co. Ltd (NORINCO) ထုတ်လက်နက်များ ပါဝင်နေမှုကို အတည်ပြုနိုင်ခဲ့အပြီး ယခုလို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မန္တလေး PDF ကသိမ်းဆည်းရမိခဲ့သော လက်နက်များထဲတွင် NORINCO ထုတ် GBP128 မိုင်းရှင်းလင်းရေး လမ်းကြောင်းဖော်စက်များ ပါဝင်နေပြီး၊ ယင်းသည် စစ်အုပ်စု၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးနှင့်၂၀၁၇ ခုနှစ် စာချုပ်အရ စစ်အုပ်စုထံ ရောင်းချပေးအပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း JFM ကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၃ ခုနှစ်၊ မေလ အစီရင်ခံစာအရ NORINCO ၏ ကုမ္ပဏီခွဲ China Wanbao Engineering Corporation သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၅ သန်းမှ ၁၀ သန်းကြားတန်ဖိုးရှိ စစ်လက်နက်ထုတ်ကုန်များကို မြန်မာစစ်အုပ်စုထံ တိုက်ရိုက်ရောင်းချ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်အတွင်း ပေါက်ကြားလာသော လျှို့ဝှက်စာများအပေါ် အခြေခံ၍ NORINCO ကုမ္ပဏီသည် သင်္ဘောတင်အမြှောက်ပစ်စနစ် တစ်ခု၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ပစ်စနစ် နှင့် ဆက်စပ်ဒုံးကျည်များ၊ စစ်လက်နက် ထိန်းချုပ်ရေးစနစ်တစ်ခု၊ ပစ်မှတ်ရှာ ပဲ့ထိန်းစနစ်တစ်ခုနှင့် မြန်မာ့ရေတပ်စစ်သင်္ဘောစီမံကိန်း တစ်ခုအတွက် ဒုံးပျံထိန်းချုပ်ရေးယူနစ်များနှင့် သင်္ဘောတင်လောင်ချာနှစ်စုံကို မြန်မာစစ်အုပ်စုထံ ရောင်းချပေးအပ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထို့ပြင် NORINCO ကုမ္ပဏီသည်၂၀၂၀၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များအတွင်း များစွာသော ကုန်တင်ပို့မှုများမှတဆင့် စစ်လက်နက်ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းအစိတ်အပိုင်းများကို စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံးထံ ရောင်းချပေးအပ်ခဲ့ကြောင်းလည်း JFM ကဆိုသည်။

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်းတွင်လည်း NORINCO ကုမ္ပဏီမှ နည်းပညာရှင်များသည် မကွေးတိုင်းအတွင်းရှိ ကပစ အမှတ် (၂၀) စက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အော်တိုအမြှောက်များ၊ ဆက်စပ်ခဲယမ်းများ အပါအဝင် လေယာဉ်ပစ်သေနတ်များ ထုတ်လုပ်ရေးအတွက် နည်းပညာအကူအညီများ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်းတွင်မူ NORINCO ကုမ္ပဏီသည် မြန်မာစစ်အုပ်စုထံ MBT-2000 တင့်ကား လေ့ကျင့်သင်မောင်းစက်တစ်ခု ရောင်းချပေးအပ်ခဲ့ပြီး၊ အဆိုပါစက်သည် ကျောက်ဆည်မြို့ သံချပ်ကာ ယန္တရားကျောင်းရှိ စစ်ကောင်စီတပ်သားများအား သင်ကြားပေးရန် အသုံးပြုနေခြင်းဖြစ်သည်ဟု JFM ကဆိုသည်။

ထို့ကြောင့် NORINCO ကုမ္ပဏီကို အလုံးစုံပိုင်ဆိုင်သော တရုတ်အစိုးရအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ ခဲယမ်း၊ လေ့ကျင့်သင်ကြားပေးမှုများနှင့် နည်းပညာလွှဲပြောင်းပေးအပ်မှု များအား ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က ထုတ်ပြန်တောင်းဆိုထားသည်။

0 Shares:
You May Also Like
Read More

“အတုအယောင်” ရွေးကောက်ပွဲအပေါ် မြန်မာစစ်အုပ်စု၏ ထုတ်ပြန်ချက်ကို မလေးရှားမူဝါဒအဖွဲ့များ အပြစ်တင် အာဆီယံကို အသုံးချခံမဖြစ်စေရန် မလေးရှားအစိုးရကို သတိပေး

အာဏာသိမ်းစစ်အုပ်စု၏ ဝါဒဖြန့်နေချက်နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ အသုံးချခံမဖြစ်ဖို့နဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မူအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ မလေးရှားပညာရှင်တွေနဲ့ မူဝါဒကျွမ်းကျင်သူတွေက အောက်တိုဘာလ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
Read More

ထိုင်းမှာ ယာဉ်မောင်းအိပ်ငိုက်လို့ ခရီးသွားကားတစ်စီး မတော်တဆဖြစ်၊ မြန်မာ ၁၂ ဦး အပါအဝင် ၃၆ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ Phetchaburi ပြည်နယ်၊ Khao Yoi ခရိုင်မှာ မတ်လ ၁၄ ရက် မနက် ၄ နာရီမတိုင်ခင်က ခရီးသွားကားတစ်စီး မတော်တဆဖြစ်ပွားခဲ့တာကြောင့် ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်း Khaosod English မှာ ဖော်ပြပါတယ်။ 
Read More

ထိုင်းမှ မလေးရှားသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် အထောက်အထားမဲ့ မြန်မာ ၁၀ ဦးကို မလေးရှားစစ်တပ်ဖမ်းဆီး

ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ Golok မြစ်ကို ဖြတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက်ကို မလေးရှားစစ်တပ် (TDM) က ဖမ်းဆီးထားတယ်လို့ Malay Mail သတင်းက ဖော်ပြထားပါတယ်။
Read More

မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံပြီး NUG အစိုးရနှင့် ဆက်ဆံရေးကောင်းရှိသည့် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အီဂျဲမြောင် တောင်ကိုရီးယားနိုင်ငံ သမ္မတ ဖြစ်လာ

မြန်မာ့နွေဦးတော်လှန်ရေး စတင်ချိန်ကစလို့ မြန်မာ့ဒီမိုကရေစီအရေးကို အစဥ်အားပေးထောက်ခံခဲ့တဲ့ အီဂျဲမြောင်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ၂၁ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး သမ္မတဖြစ်လာပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီနှင့် ရိုဟင်ဂျာအရေးဆွေးနွေးတာ ရလဒ်မထွက်ဘူးဟု ဘင်္ဂလားဒေ့ရှ်ပြော

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ နှစ်နိုင်ငံကြား အပြန်အလှန်ဆွေးနွေးမှုဟာ ဘာရလဒ်မှ ထွက်မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က မေလ ၄ ရက်မှာ ပြောပါတယ်။
Read More

ငလျင်ဘေးသင့်စဉ် အကူအညီပေးအပ်ခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်း မင်းအောင်လှိုင် ပြော

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်စဉ် အကူအညီတွေ ပေးအပ်ခဲ့တဲ့ အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။