ကရင်ပြည်နယ်၊ ဘားအံအကျဥ်းထောင်မှာ အကျဥ်းထောင်ဝန်ထမ်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်တာခံရပြီး ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးရဲ့ သေဆုံးမှုကို နှလုံးရောဂါနဲ့ သေဆုံးမှုအဖြစ် ထောင်အာဏာပိုင်တွေက လိမ်လည်ထွက်ဆိုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၁) ရက်နေ့က တန်းပိတ်ချိန်မှာ ကိုအောင်နိုင်စိုး (ခ) ကရင်လေးကို အကျဥ်းထောင်သက်ကြီးဆောင်အတွင်း ထောင်သားအချင်းချင်း စကားများအငြင်းပွားရာမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ထောင်ဝန်ထမ်းအယောက် ၃၀ လောက်က အပြင်ကိုခေါ်ပြီး ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုမျိုးရိုက်နှက်ခံရမှုကနေ ရရှိခဲ့တဲ့ ထိခိုက်ဒဏ်ရာတွေနဲ့ပဲ ကိုအောင်နိုင်စိုး ကျဆုံးခဲ့ရတာဖြစ်ပေမယ့် ဘားအံထောင် အာဏာပိုင်တွေဘက်ကတော့ နှလုံးရောဂါကြောင့် သေတယ်ဆိုပြီး လိမ်လည်နေတာလို့ PPNM က ပြောပါတယ်။

PPNM ဘက်ကတော့ နိုင်ငံရေးအကျဉ်းသား‌ ကိုအောင်နိုင်စိုးကို ရိုက်နှက်သတ်ဖြတ်ရာမှာ ပါဝင်ကျူးလွန်ခဲ့သူတွေထဲက တပ်ကြပ်ကြီး ဝင်းမောင်၊ တပ်ကြပ် စိုးသူရသိန်း၊ လက်ထောက်ကြီးကြပ်ရေးမှူး ကြည်ခိုင်၊ လက်ထောက်ကြီးကြပ်ရေးမှူး သွင်ထူး၊ တပ်သား ချစ်ဦးဇော်နဲ့ တပ်သား ကိုကိုဖြိုး စတဲ့ ဝန်ထမ်း ၆ ယောက်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

“လောလောဆယ် ၆ ယောက်ရဲ့ အမည်စာရင်းကို ဖော်ထုတ်နိုင်ခဲ့တယ်ပေါ့။ ရိုက်ခဲ့တာက အယောက် ၃၀လောက်ဆိုတော့ ကျန်တဲ့သူတွေရဲ့ စာရင်းကို ဆက်လက်ဖော်ထုတ်နေပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။

ကိုအောင်နိုင်စိုး (ခ) ကရင်လေးဟာ ဘားအံထောင်အတွင်း ပုဒ်မ ၅၀ (ည)နဲ့  ထောင်ဒဏ် (၇)နှစ် ကျခံနေရသူဖြစ်ပြီး ဘားအံထောင်ကနေ အဆောင်ပြောင်းရွှေ့ရာမှာ ပါမသွားခဲ့ဘဲ သက်ကြီးဆောင်အတွင်း ၁ယောက်တည်း ချန်ထားခံရကာ အခုလိုရိုက်နှက်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

” လက်ရှိတော့ ရောဂါနဲ့ဆုံးတဲ့ ပုံစံမျိုးလုပ်ပေမယ့် ဘာရောဂါလဲဆိုတာကို မိသားစုဝင်တွေကို တရားဝင်အသိပေးတာမျိုး မရှိသေးဘူး။ သေချာတာက ရောဂါနဲ့ကျတာမဟုတ်ဘဲ ဝိုင်းဝန်းနှိပ်စက်ခံရလို့ပါ။” လို့ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။

ဒါ့အပြင် ဘားအံ အကျဥ်းထောင်ဝန်ထမ်းတွေက လက်ရှိမှာ အရင်နှစ်တွေထက် ပိုပြီး နိုင်ငံရေးအကျဥ်းသားတွေအပေါ် ဖိနှိပ်လာခဲ့သလို တန်းစီချိန် ခေါင်းအနည်းငယ်လှုပ်ရုံလောက်နဲ့ပဲ ချက်ချင်းခေါ်ယူ ဒေါက်ခတ်တဲ့အထိ လူ့အခွင့်အရေးတွေချိုးဖောက်နေတယ်လို့လည်း PPNM ကပြောပါတယ်။

ဒီဖြစ်စဥ်မှာ ပါဝင်ကျူးလွန်သူတွေကို သက်ဆိုင်ရာ နယ်မြေတွေအတွင်း တာဝန်ယူဆောင်ရွက်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က မှတ်ပုံတင်နံပါတ်၊ နာမည်တွေနဲ့တကွ  စိစစ်ဖမ်းဆီးရင်း တရားမျှတမှုရရှိစေရေးအတွက် သက်ဆိုင်ရာ တရားရေးဌာနတွေဆီ ကူညီပို့‌ဆောင်ပေးဖို့လည်း PPNM က တိုက်တွန်းထားပါသေးတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နှိပ်စက်တာတွေ ပိုဆိုးလာသလို ကျန်းမာရေးစောင့်ရှောက်မှု အလုံလောက်မပေးနိုင်တာကြောင့် ကျဆုံးသူတွေ တိုးလာနေတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်ကြောင့် ပြည်ပထွက်ပြေးနေရသည့် မြန်မာလုပ်သားများကို လိုက်လံ ကာကွယ်ပေးဦးမည်ဟု ခင်ရီ ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသား အများအပြား ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်နေရသည့်တိုင် အဆိုပါ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီက ပြည်ပရောက် မြန်မာလုပ်သားတွေကို ကာကွယ်ပေးဦးမယ်လို့ မဲဆွယ်ပြောကြားနေပါသေးတယ်။
Read More

ကန့်ဘလူမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က ရပ်ကွက်တစ်ခုမှာ လူငယ် ၇ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

ချင်းပြည်နယ်နှင့် ချင်းတစ်မျိုးသားလုံးကို ကာကွယ်ပေးနိုင်သည့် တပ်မတော် တိုးမြှင့်ဖွဲ့စည်းရေး ချင်းညီနောင် သဘောတူညီချက် ချမှတ်

ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေ ပေါင်းစည်းကာ ချင်းပြည်နယ်နဲ့ ချင်းတစ်မျိုးသားလုံးကို ကာကွယ်‌ပေးနိုင်ပြီး ပိုမိုကျစ်လျစ်ခိုင်မာတဲ့ (Standard Army) တပ်မတော်ကို တိုးမြှင့် ဖွဲ့စည်းသွားဖို့ သဘောတူညီချက်ချမှတ်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က မေလ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲ ပြုလုပ်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာမှာ နိုဝင်ဘာ (၉)ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ မှ တပ်ခွဲမှူး တော်လှန်ရေးရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၃) တပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်

NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းက ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။