ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား ဒုတိယနေ့အဖြစ် နယ်စပ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ထိုင်းနိုင်ငံက ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရက ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ဇူလိုင်လ ၂၄ ရက် မနေ့က မနက်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက် ပြင်းထန်လာနေပြီး ထိုင်းဘက်က ၁၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားက အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို ဦးတည်ပစ်ခတ်နေတာကြောင့် ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်နေရပြီး ဆေးရုံ ၇ ရုံ ပိတ်သိမ်းထားရတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း “ဆိုရှယ်မီဒီယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားပဋိပက္ခကို ပိုမိုဆိုးရွားစေမည့် ပို့စ်တင်ခြင်း၊ ကွန်မန့်ရေးခြင်းများ သတိထားရှောင်ကျဉ်ကြရန်။ ထိုင်းလူမျိုး၊ မြန်မာလူမျိုးနှင့် ကမ္ဘောဒီးယားလူမျိုးများသည် လုပ်ငန်းခွင်များတွင် အတူတကွ လုပ်ကိုင်နေကြပါသဖြင့် ဂရုတစိုက် သတိနှင့် နေထိုင်ကြပါရန် ကနဦး သတိပေး နှိုးဆော် အပ်ပါသည်” လို့ လူမှုကွန်ရက်ကတဆင့် ရေးသားသတိပေးထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်မြေအငြင်းပွားမှု ပဋိပက္ခကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အာဆီယံ၊ မလေးရှား၊ မြန်မာ၊ တရုတ်၊ စင်္ကာပူစတဲ့ နိုင်ငံတွေက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာငလျင်ဘေးအတွက် ဝမ်းနည်းကြောင်း အရှေ့တီမောနိုင်ငံသမ္မတက NUG ယာယီသမ္မတ ဒူဝါလရှီးလထံ သဝဏ်လွှာပေးပို့ 

ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် စိတ်ထိခိုက် ဝမ်းနည်းရပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ အရှေ့တီမောနိုင်ငံသမ္မတ José Ramos-Horta က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဂျပန်အစိုးရ သံသယရှိ

၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။
Read More

ICC မှာ တရားခံအဖြစ် တရားရင်ဆိုင်ရဖို့ နီးကပ်လာသည့် မင်းအောင်လှိုင်နှင့်အပေါင်းအပါများကို တရားဝင်မှု မပေးမိစေဖို့ နိုင်ငံတကာကို NUG တိုက်တွန်းတောင်းဆို

နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာ တရားခံအဖြစ် တရားရင်ဆိုင်ဖို့ နီးကပ်လာနေတဲ့ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို တရားဝင်မှု မပေးမိစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဥ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ဘန်ကောက်တိုက်ပြိုကျမှုအတွက် အီတာလျံ-ထိုင်းကုမ္ပဏီဥက္ကဋ္ဌအပါအဝင် ၁၇ ဦးကို ထိုင်း ဝရမ်းထုတ်

မြန်မာလုပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က ပြည်နယ်စာရင်းစစ်ရုံး (SAO) အဆောက်အဦး ပြိုကျမှုနဲ့ ပတ်သက်ပြီး လူ ၁၇ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။ 
Read More

မြန်မာ့အရေး အခြေအနေပိုဆိုးလာချိန် နိုင်ငံတကာက တုံ့ပြန်ရန် ပျက်ကွက်နေသည်ဟု ကုလလူ့အခွင့်အရေးအရာရှိ ဝေဖန်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မမြင်ရတဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အမ်ဒရူးက အောက်တိုဘာလ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအတုကို ကိုရီးယားအရပ်ဘက်အဖွဲ့ ၁၀၆ ဖွဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် မြန်မာစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဖို့နဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ဘယ်လိုရလဒ်မျိုးကိုမဆို အသိမှတ်မပြုဖို့ တောင်းကိုးရီးရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုလိုက်ပါတယ်။