ယင်းမာပင်ခရိုင်တပ်ရင်း ၃၄ က ရဲဘော် ခိုင်ဖြိုးဝေ(ခ) ရဲဘော်မုန်တိုင်း အသက် (၂၈)နှစ်ဟာ တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးချို့တဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ YOMA Fighter PDF -Yinmabin က သတင်းထုတ်ပြန်ထားပါတယ်။

၁၀၂၇ ဒုတိယလှိုင်း ရှမ်းမန်စစ်ဆင်ရေးကစပြီး လက်ရှိ MOD ကနေ တာဝန်ချထားပေးတဲ့ နေရာမှာပဲ တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးချို့တဲ့ပြီး ဇူလိုင် ၂၀ ရက်မှာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Video-YOMA Fighter PDF -Yinmabin

0 Shares:
You May Also Like
Read More

ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်း ရဲဘော်တွေရဲ့ သင်တန်းကာလ အတွေ့အကြုံတွေနဲ့ လက်ရှိတာဝန်အပေါ်ခံယူချက် (ရုပ်/သံ)

ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force (S.A.F)) ရဲ့ အခြေခံပညာသင်တန်းဆင်း ကုန်ထုတ်လုပ်မှုဌာနက ရဲဘော် ပီကာချူးနဲ့ စစ်ဆင်‌ရေးဌာနက ရဲဘော်ပေါက်စတို့ဟာ သင်တန်းကာလအတွေ့အကြုံတွေနဲ့ လက်ရှိတာဝန်အပေါ် ခံယူချက်တွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာတဲ့ တပ်မ(၅၅) လက်အောက်ခံ ခလရ-၃ကိုယ်ပိုင်အမှတ်- တ/၅၆၂၁၁၇ တပ်ကြပ် သက်ခိုင်ဦး (ရုပ်/သံ)

''နောက်တန်းပြန်ပို့တဲ့အချိန်တော့ စားရပါတယ်။ အခုနောက်ပိုင်း ရိက္ခာတွေ ပြတ်တောက်ပြီးတော့ လူတွေလည်း အားမရှိ၊ လဲတဲ့သူကလဲ၊ နေမကောင်းတဲ့သူက မကောင်းဖြစ်နေတာ အပေါ်က အ ထက်အရာရှိတွေက လိမ်လည်ခိုင်းတော့ မသေသင့်ဘဲ သေရမှာစိုးလို့ အလင်းလာဝင်ခြင်းဖြစ်ပါတယ်"
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ဇင်မျိုးအောင်၏ ပြောကြားချက် (ရုပ်သံ)

''လွတ်လပ်ချင်လို့၊ လက်နက်ကိုင်မဖြစ်ချင်လို့။ တစ်ယောက်နဲ့ တစ်ယောက်ပစ်ခတ်တိုက်ခိုက်နေတာ မလုပ်ချင်လို့ပေါ့။ အလင်းဝင်ခဲ့တာပါ''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၇) တပ်သား- နေလင်းဦး၏ ပြောကြားချက် (ရုပ်/သံ)

''လက်နက်မကိုင်ချင်ဘူး။ ဒီအလုပ်ကို မနှစ်သက်ဘူး။ သူတို့ (စစ်ကောင်စီ)ကိုလည်း နှစ်သက်မရှိဘူး။ အဲဒါကြောင့်မလို အလင်းဝင်လာတာပါ။ အမေတို့ကို ကျန်းကျန်းမာမာရှိပါစေလို့ ဆုတောင်းပေးတယ်။ ကျွန်တော်လည်း ကျန်းကျန်းမာမာနဲ့ တော်လှန်ရေးအဖွဲ့အစည်းထဲ ရောက်နေပြီ။ အသက်အန္တရာယ်လည်း ကင်းတယ်''
Read More

တိုက်ပွဲတစ်ခုအတွင်း လက်နက်ချခဲ့တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ခန့်ကိုစိုး ပြောကြားချက် (ရုပ်/သံ)

''ကျနော့်အနေနဲ့ကတော့ လက်နက်ချအညံ့ခံတယ်ဆိုတာတော့ တပ်မတော်အပေါ် သစ္စာဖောက်တယ်လို့တော့ မထင်ပါဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြည်သူတွေနဲ့ပဲ ကျနော်တို့သဘောဆန္ဒအရ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အဲလိုပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက်လည်း ပြည်သူတွေရဲ့ စေတနာတွေ၊ မေတ္တာတွေကို ကျနော်တို့ လက်ခံရရှိပါတယ်။”
Read More

Chinland Defense Force – Hakha ထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသည့် အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ပြည်သူ့စစ် ၁ ယောက်နှင့် တွေ့ဆုံမေးမြန်းချက် (ရုပ်/သံ)

“ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရမ်းဇာတိပါ၊ ကျနော့်အမျိုးသမီးကတော့ မကွေးသူပါ။ မကွေးမှာ လိုက်ပြီး အလုပ်လုပ်ရင်းနဲ့ မကွေးမှာ ပေါ်တာဆွဲခံရတာပါ။ စစ်မှုမထမ်းမနေရဆိုပြီး ပေါ်တာဆွဲခံရပြီးတော့ ကလေးမြို့ကို ရဟတ်ယာဉ်နဲ့ခေါ်သွားပါတယ်။ အဲဒီကိုရောက်တော့ ကျနော်တို့ ပစတွေကို သေနတ် အဖြုတ်အတပ်တွေသင်ပေးတယ်၊ ပစ်ခတ်မှုပုံတွေကိုလည်း သင်ပြပေးပါတယ်။ အဲဒါပြီးရင် အရေးကြီးတယ်ဆိုပြီး ကျနော်တို့ကို ရှေ့တန်းပို့ပါတယ်''