မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တပင်ကန်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်း ၁၀ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၃ ရက်က တောင်သာမြို့နယ် တပင်ကန်ကျေးရွာ ဆင်တဲဝတံတားအနီး ရေအောင်မြင်ဘုန်း ကြီးကျောင်းရှေ့မှာ တပ်စွဲဂိတ်ချထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်အဖွဲ့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက Multi Roter ၊”Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drones ၁၀ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပြည်သူ့စစ် ၅ ယောက် သေပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ ဒဏ်ရာရရှိသူထဲက ၂ ယောက်ဟာ ခြေထောက်ပြတ်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း လက်ရုံးတပ် ဒရုန်းတပ်ဖွဲ့နဲ့ မလှိုင်ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး Fixed Wings Drones ၃ စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

Video – MDA 3 Info Page

0 Shares:
You May Also Like
Read More

၂၀၂၅ နှစ်စပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံးစေခဲ့သည့် တိုက်ပွဲမှတ်တမ်း ရေးပြောက်ကျားတပ် ထုတ်ပြန် (ရုပ်/သံ)

၂၀၂၅ နှစ်စပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးခဲ့တဲ့  ဒေါနစစ်ကြောင်း(၂)၊ရေးပြောက်ကျားတပ်(YGF) ရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ကြို့ပင်ကောက်မှာ ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

မြို့သစ်မြို့နယ်ထဲတွင် အတုအယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့်စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူးအပါအဝင် ၈ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မြို့သစ်မြို့နယ်ထဲမှာ အတုအ‌ယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပနိုင်ဖို့ နယ်လှည့် စစ်ဆေးနေတဲ့ စစ်အုပ်စုယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ဂဠုန် PDFအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ ချင်းပြည်နယ်အလံ လွှင့်တင် (ရုပ်/သံ)

ချင်းပြည်နယ်အတွင်း ချင်းညီနောင်တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ရဲ့ ဒုစစ်ဦးစီးချုပ်က ချင်းပြည်နယ်အလံ လွှင့်တင်တဲ့ ရုပ်သံဖိုင်ကို ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေကြောင်းကနေ ဒရုန်း ၂ စီးအပါအဝင် လက်နက်ခဲယမ်းသယ်ဆောင်ဖို့ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံ၊ လက်နက်ခဲယမ်းတွေ မီးလောင်ပျက်စီး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်သင်္ဘောနဲ့ နဘုလယ်ရေနက်ဆိပ်ကမ်းရှိ စစ်အခြေစိုက်စခန်းဆီ Multi - Drone ၂ စီး အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ်နဲ့ ခဲယမ်းအမြောက်အများသယ်ဆောင်ဖို့ စောင့်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဇန်နဝါရီ ၂၁ ရက် နေ့လည်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗထူးတပ်မတော် (BHA)ထံက သိရပါတယ်။
Read More

ဝက်လက်မြို့နယ်အတွင်း Y-12 လေယာဉ် ဗုံးကြဲမှုကြောင့် ပြည်သူ ၁၅ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။