တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာ ကမ်းပါးနီအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းက ရမ်းဖိုကျေးရွာ ကမ်းပါးနီအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်ကို မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့နဲ့ မြိတ်ပကဖအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

Video – ဗိုလ်ခရင်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင် ပကဖ၊ ခရိုင် လှုပ်ရှားတိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ခရိုင် လှုပ်ရှားတိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း)  ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၁ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန်လေတပ်၏ F-16 တိုက်လေယာဉ် ၁ စီး လေကြောင်းသရုပ်ပြပွဲတွင် ပျက်ကျ (ရုပ်/သံ)

အမေရိကန် ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ဒီဇင်ဘာ ၃ ရက်က ပြုလုပ်တဲ့ လေကြောင်းသရုပ်ပြပွဲမှာ F-16 တိုက်လေယာဉ် ၁ စီး ပျက်ကျခဲ့ပါတယ်။ လေယာဉ်မှူးဟာ အချိန်မီခုန်ထွက်နိုင်ခဲ့ပြီး အသက်ရှင်လွတ်မြောက်ကာ အခြေအနေ တည်တည်ငြိမ်ငြိမ်နဲ့ ဆေးကုသမှုခံယူလျက်ရှိတယ်လို့ အမေရိကန်လေတပ်ပြောရေးဆိုခွင့်ရှိသူက အတည်ပြုထုတ်ပြန်ထားပါတယ်။ တိုက်လေယာဉ် ပျက်ကျခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ် ခမြင့်ကျေးရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် (၁၆) ဘုတလင်မြို့နယ်တပ်ရင်း BDL PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်အားပြင်းငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ မဟာမုနိဘုရားကြီးကျောင်းဆောင်ဝန်းကျင် မြင်ကွင်း (ရုပ်/သံ)

မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်‌ကြောင့် ပျက်စီးခဲ့ရတဲ့ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကြီးရဲ့ အနီးဝန်းကျင်ကို အခုလိုပဲ တွေ့မြင်ခဲ့ရပါတယ်။
Read More

လွတ်မြောက်နယ်မြေတစ်ခုမှာ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ လက်အောက်ခံတပ်ဖွဲ့ဖြစ်တဲ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့  (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်က လွတ်မြောက်နယ်မြေတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သက်ရှိစည်းရိုးလို့  အကြမ်းဖက်စစ်တပ် အမွှန်းတင်ခဲ့တဲ့ ဥကရစ်ထစခန်းမှာ KNLA ပူးပေါင်းတပ်များ ကရင့်အမျိုးသားအလံ လွှင့်ထူ

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်ရဲ့ နံမည်ကြီး ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ယမန်နေ့ နေ့လည်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။