စစ်အာဏာရှင်တွေဟာ စည်းလုံးညီညွတ်နေတဲ့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းတွေကိုမဆို အချင်းချင်း သွေးကွဲအောင် မဟုတ်မမှန်သတင်းတွေနဲ့ အမျိုးမျိုး သွေးခွဲကာ တိုက်ခိုက်လေ့ရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ မစည်းလုံးနိုင်မှ သူတို့အသက်ရှုချောင်မှာဖြစ်တာကြောင့် ဒီလိုမှိုင်းတိုက်မှုတွေဟာ မြန်မာစစ်တပ်ရဲ့ လုပ်ရိုးလုပ်စဥ်တစ်ခုလည်း ဖြစ်လာပါတယ်။

လက်ရှိမှာလည်း ချင်းလူမျိုးအချင်းချင်း စိတ်သဘောထား ကွဲပြားမှုတွေကို ဖြစ်စေနိုင်မယ့် အလိမ်အညာမျိုးစုံကို စစ်တပ်ထောက်ခံတဲ့ လော်ဘီတွေက အကောင့်တုတွေသုံးပြီး စစ်မျက်နှာအသစ် ဖွင့်လာတယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။

“တော်လှန်ရေးအင်အားစုများအကြား သွေးခွဲရန်၊ သံသယဝင်ရန်၊ အချင်းချင်း မယုံကြည်ရန် လှုံ့ဆော်သော သို့မဟုတ် သတင်းမှားဖြန့်ဝေတာကို ပြောချင်တာ ဖြစ်တယ်။ ဥပမာ ပဋိပက္ခဖန်တီးတာမျိုး၊ Propaganda လုပ်တာရယ်၊ Disinformation Campaigns တွေ လုပ်တာပေါ့” လို့ Chin National Front – Headquarters တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Salai Van က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စည်းလုံးညီညွတ်တဲ့ ချင်းလူမျိုးတွေကို အနိုင်မယူနိုင်တာကြောင့် အကောင့်တုတွေကတဆင့် ချင်းလူမျိုး အချင်းချင်းကို ရန်တိုက်ပေးတဲ့ အရေးအသားတွေ ရေးသားလာတယ်လို့ ဆိုပါတယ်။

အဆိုပါ အကောင့်တုတွေဟာ မတူညီတဲ့ ဘက်တစ်ဘက်စီကို ပံ့ပိုးကူညီသယောင်နဲ့ စည်းလုံးမှုကို အတွင်းကနေ ချိုးဖျက်ဖို့ ရည်ရွယ်ကာ သေချာလုပ်ဆောင်နေပြီး မမှန်မကန် ကောလာဟလတွေနဲ့ အမုန်းပွားစေမယ့် မှတ်ချက် (comment) တိုင်းဟာ မိမိတို့ရဲ့ ကြိုးစားရုန်းကန်မှုတွေကို အားနည်းသွားစေဖို့ ရည်ရွယ်တဲ့ အဆိပ်အတောက်တွေ ဖြစ်တယ်လို့ Salai Van က ဆက်ပြောပါတယ်။

“နှစ်မျိုးနဲ့ ပြောလို့ရတယ်။ တစ်ခုက မဟုတ်မမှန်သတင်းတုတွေ ဖန်တီး၊ ချင်းနာမည်တွေ သုံးပြီး social media မှာ အကောင့်တုတွေလုပ်ပြီး အမုန်းပွားရေးကို ဖန်တီးတယ်။ တစ်ခုက စစ်ရေးမြေပြင်မှာ တကယ်ကို အဆင့်မြင့် နည်းပညာတွေ သုံးလာတာ ရှိတယ်။ လက်ရှိမှာလည်း ချင်းလူမျိုးအားလုံးဟာ စည်းလုံးညီညွတ်မှုကို ဦးစားပေးပြီး နေထိုင်သွားလာနေကြသလို ဆွေးနွေးမှုလည်းရှိတယ်” လို့ ဆိုပါတယ်။

ချင်းပြည်သူလူထုအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ အားတက်စေမယ့် ဝမ်းသာစေမယ့်အရာတွေ မလုပ်မိအောင် သတိပြုကြဖို့ လိုအပ်ကြောင်း၊ စစ်အာဏာရှင်အတွက် အလုပ်မလုပ်မိအောင် သတိပြုဖို့လိုကြောင်း၊ မိမိတို့မှာ မတူကွဲပြားမှုတွေ ရှိနိုင်ပေမယ့် မိမိတို့အားလုံး မျှော်မှန်းထားတဲ့ လွတ်လပ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ချင်းပြည်ဆိုတဲ့ ပန်းတိုင်ဟာ ဘယ်အရာထက်မဆို ပိုခိုင်မာကြောင်း Chin National Front – Headquarters တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Salai Van က မောင်းကို ပြောပါတယ်။

“လက်ရှိ စကစရဲ့ ဦးတည်ချက်က ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဖြစ်တယ်။ ပြီးတော့ သူတို့ဆုံးရှုံးခဲ့တဲ့ မြို့တွေကို ပြန်လည်ရရှိရေးကို ဦးစားပေးနေတယ်။ စစ်ကြောင်း နှစ်ခုထိုးတယ်။ ပထမ – ဖလမ်းမြို့ ပြန်လည်ရရှိရေးအတွက် ကလေးကနေ ထိုးစစ်ထိုးတယ်။ လက်ရှိထိတော့ မအောင်မြင်ဘူး။ ဒုတိယ – မင်းတပ်ဘက်ကို ထိုးတာ။ ခုက ပေါက်အထိ ရောက်နေပြီလို့ကြားတယ်။ တချိန်တည်းမှာပဲ သူနဲ့နီးစပ်တဲ့ ချင်းတွေကို စည်းရုံးပြီးတော့ လှုပ်ရှားနေတာ ရှိတယ်။ နောက်ပိုင်းမှာ cyber စစ်ဆင်ရေးကိုလည်း အချင်းချင်းကြား ကွဲပြားမှုများအောင် မဟုတ်မမှန် ဖန်တီးမှုတွေ ဆက်ပြီးလုပ်နေတယ်” လို့ Salai Van က ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF အနေနဲ့ ချင်းတော်လှန်ရေး အစုအဖွဲ့အားလုံးနဲ့ စည်းလုံးညီညွတ်ရေး တွေ့ဆုံဆွေးနွေးဖို့ ကတိပြုထားသလို အတူတကွ ရပ်တည်ခြင်းကသာ အောင်ပွဲခံနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်ထောက်ခံသူ အမျိုးသမီးတစ်ဦးကို ကာလပေါက်စျေး သိန်း ၂၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရ

နေပြည်တော်မှာနေထိုင်သူ အမျိုးသမီးတစ်ယောက်ကို ကျပ်သိန်း၂,၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

မုဒုံ ရွှေဟင်္သာဈေးရှေ့တွင် စစ်တပ်နောက်လိုက် ပျူစောထီး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ အကြမ်းဖက် စစ်တပ်နောက်လိုက် ပျူစောထီးတစ်ယောက်ကို သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမှာ ကျားမ ကြီးငယ် မရွေး စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးနေ၊ မြို့ပေါ် လူထက်ဝက်ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်တွေက လူကြီး၊ လူငယ်မရွေး၊ ယောက်ျား မိန်းမ မရွေး ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တပ်မတော်နေ့ နှစ်(၈၀) ပြည့်အခမ်းအနားကို တက်ရောက်ရန် ရုရှားနဲ့ ဘီလာရုစ်က ကာကွယ်ရေးဝန်ကြီးတွေ နေပြည်တော်ကိုရောက်ရှိနေ

အာဏာသိမ်းစစ်အုပ်စု ကိုလက်နက်တွေ ရောင်းချနေတဲ့ ရုရှားနဲ့  ဘီလာရုစ် က ကာကွယ်ရေးဝန်ကြီးတွေ စစ်ကောင်စီရဲ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။
Read More

ကပစ ၂၁ ရှော့တိုက်ဒုံးပစ်ခံရမှုမှာ လက်ထောက်စက်ရုံမှူးဖြစ်သူ စီမံရေးဒုညွှန်အဆင့် ဒုဗိုလ်မှူးကြီး ၁ ယောက်အပါ သေဆုံးသူ ၁၃ ယောက်အထိ ရှိလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လက်ထောက် စက်ရုံမှူး တစ်ဖြစ်လဲ စီမံရေးဒုညွှန်အဆင့် ဒုတိယဗိုလ်မှူးကြီး ၁ယောက် အပါအဝင် သေဆုံးသူ ၁၃ ယောက်အထိ ရှိလာကြောင်း No More Dictatorship People Defense Force NMD တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရွေးကောက်ပွဲ ဆန့်ကျင်သည့်အနေနှင့် မန္တလေးနန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

မန္တလေး နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ထဲကို BWM အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ၁၀၇ ရှော့တိုက်ဒုံးတွေ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က အသိပေးထုတ်ပြန်ပါတယ်။