တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကျေးရွာတွေဆီစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းအပါအဝင် စစ်ကူတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ကြောင်း Launglone Peninsula Force – L P F သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၂၃ရက်​၊ နေ့လည်ပိုင်းက ထားဝယ်မြို့နယ်၊ ကျောက်ဆိပ်ကုန်းကျေးရွာဘက်ကနေ မောင်မယ်ရှောင်ကျေးရွာဆီ ရှင်ဓါတ်ဝဲဘုရားလမ်းအတိုင်း ဆင်းလာတဲ့ အင်အား၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုတိုက်ပွဲဖြစ်ပွားနေချိန်အတွင်း နောက်ထပ်ရောက်ရှိလာတဲ့ သံပြားကာပွိုင့်ကား၂ စီးနဲ့ အင်အား ၁၀၀ ပါ စစ်ကူစစ်ကြောင်းကိုလည်း ဆက်လက်တိုက်ခိုက်ရာမှာ စုစုပေါင်း အချိန် ၆ နာရီကြာ ထိတွေ့မှုဖြစ်ခဲ့တာပါ။

“ပထ​မစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်နေတဲ့အချိန်မှာနောက်ထပ်စစ်ကူက ရောက်လာတာပါ။ ဖုန်းလိုင်းကအခုမှရတာပါ။ စခသေဆုံးစာရင်းက စုံစမ်းမရဖြစ်နေပါသေးတယ်” လို့ Launglone Peninsula Force – L P F သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါနတပ်ရင်း၊ ချေမှုန်းရေးတပ်ခွဲ (၇) -LPF နဲ့အတူ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)ရဲ့ ဒူရကစစ်ကြောင်း၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)၊ ကျားသစ်နက်(က္လားသစ်နက်)၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutionary Force(DGRF)၊ ဧဒင်မှူးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို ထိတွေ့မှုအပြီး စစ်ကောင်စီတပ်တွေက ဇီးကျရွာရှိ နေအိမ် တစ်လုံးနဲ့ စပါးတင်း၂၀၀ ကို ဝင်ရောက်  မီးရှို့ ဖျက်ဆီးခဲ့သေးတယ်လို့လည်း သိရပါတယ်။

“အခုလက်ရှိတော့ ဒီကောင်တွေ ကျောက္ကညာ ညင်းထွေးမှာရော၊ မောင်မယ်ရှောင်ရွာထဲမှာပါ ရှိနေပါသေးတယ်” လို့ Launglone Peninsula Force – L P F သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိအခြေအနေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် အရပ်သားတွေဘက်ကလည်း စစ်ရေး အထူးသတိပြု သွားလာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးတွင် ဆေးကြောင်ပြီး ထွက်ပြေးလာသည့် စစ်သား ၁ ဦးကို ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဆေးကြောင်ပြီး ထွက်ပြေးလာတဲ့ စစ်သားတစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြဝတီတစ်မြို့လုံး စက်သုံးဆီဆိုင်တွေ ပိတ်ချထား

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိကျေးရွာတွေမှာ သြဂုတ်လ ၁၄ ရက် မနက်ပိုင်းကစလို့ စက်သုံးဆီဆိုင်တွေ အကြောင်းပြချက်မရှိဘဲ ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဗမာ့တပ်တော်ရဲ့ စိုးမိုးနယ်မြေအတွင်း စစ်ရှောင်ပြည်သူများနှင့် ကျေးရွာနေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ် (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်ရဲ့ စိုးမိုးနယ်မြေတစ်နေရာအတွင်း ဗမာ့တပ်တော်နဲ့ ပေါက်တောင်ပိုင်း သူနာပြုနဲ့ ကျန်းမာရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ရှောင်ပြည်သူတွေနဲ့ ကျေးရွာနေပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးတွင် ၁၇ရက်ကြာ တပ်စွဲနေတဲ့ စစ်တပ်စစ်ကြောင်း ပြန်ဆုတ်လာစဥ် တော်လှန်ရေးတပ်များ တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကညိုကျွန်းကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီးပြီး ၁၇ ရက်ကြာတပ်စွဲနေတဲ့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာလာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

မုံရွာမြို့မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်ခွာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်​ေ