ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်ရှိ တောင်ကမ္မရိုက်ကျေးရွာထဲကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်တွေ ထိမှန်ပျက်စီးသွားတယ်လို့ NMSP-AD/ Ramonnya Mon Army က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၃ရက် ည ၁၁နာရီလောက်မှာ ကျုံဒိုး ခမရ (၅၄၅) တပ်ကနေ ဟောင်ဝစ်ဇာ ၂လုံး ပစ်ခတ်ခဲ့ရာ တစ်လုံးဟာ တစ်လုံးက တောင်ကမ္မရိုက်ရွာ အပြင်ကို ကျရောက်ခဲ့ပြီး ကျန်တဲ့တစ်လုံးက ကျေးရွာစာသင်ကျောင်းခန်းမကို ကျရောက်ပေါက်ကွဲကာ ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ အကြမ်းဖက် စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် ကော့ကရိတ်၊ ကျုံဒိုးမြို့အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဲ့လိုပစ်ခတ်မှုတွေ ရှိနေတာကြောင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒေသက ပြည်သူတွေအနေနဲ့လည်း လက်နက်ကြီးသံ၊ လေယာဥ်သံတွေကို နားစွင့်ပြီး အထူးဂရုစိုက်နေထိုင်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလလောက်ကလည်း ကျုံဒိုးမြို့ပေါ်မှာ စစ်အုပ်စုနဲ့ KNLA ပူးပေါင်းတပ်တွေ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ဒေသခံ အတော်များများ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ကမ္မရိုက်ရွာရှိ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ပုံ (ဓာတ်ပုံ NMSP-AD/ Ramonnya Mon Army)

0 Shares:
You May Also Like
Read More

မြိုင်မှာ ရဲ ၁ ယောက်ကို ရှင်းလင်းခဲ့သူတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက်နဲ့တကွ ပကဖထံ ထွက်ပြေးခိုလှုံ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲ၁ယောက်ကို ပစ်ခတ်ရှင်းလင်းပြီး အလင်းဝင်လာသူတွေအပါအဝင် စစ်​ကောင်စီတပ်သား၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ခိုလှုံလာကြောင်း မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ကလေးက စစ်တပ်ဂိတ်တွေကို အသေခံဒရုန်းတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
Read More

ကင်မွန်းတော်ကျေးရွာ ပျူစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီဘက်က ၂၀ ကျော် သေ၊ တော်လှန်ရဲဘော် ၄ ဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အယောက် ၂၀ ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (လက်ရုံးတပ်) ULF စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် အရပ်သားတစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ​ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Mobye Local PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းနှင့်ကျောက်တော်မြို့မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၁၀ နှစ်အောက် ကလေးငယ် ၂ ဦးအပါ ၁၄ ဦး သေဆုံးကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်နဲ့ ကျောက်တော်မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။