တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာ ကမ်းပါးနီအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းက ရမ်းဖိုကျေးရွာ ကမ်းပါးနီအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်ကို မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့နဲ့ မြိတ်ပကဖအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

Video – ဗိုလ်ခရင်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ အပတ်စဥ်(၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းကျင်းပပြုလုပ် (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ အပတ်စဥ်(၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနားမှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ (MOD)မှ ထုတ်ပြန်ထားပါတယ်။
Read More

အာဏာရှင်အတွက် အသေခံမလား (သို့) အာဏာရှင်ကို အတူဖြုတ်ချကြမလား (ရုပ်/သံ)

စစ်ကောင်စီဟာ အရင်က ကျေးလက်နေ လူငယ်ထု ၊ နယ်မြို့တွေမှာရှိတဲ့ လူငယ်ထုကို ပစ်မှတ်ထား စုဆောင်းနေရာကနေ အခုဆို မန္တလေးလို မြို့ကြီးပေါ်က လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ပေါ်ပေါ်ထင်ထင် ကြေငြာမောင်းခတ်လာပြီ ဖြစ်ပါတယ်။
Read More

ဖားကန့်မြို့မှာ ငလျင်ဘေးပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ တော်လှန်ရဲဘော်များနဲ့အတူ ထပ်တူရပ်တည်ကြောင်း သံချပ်သပိတ်ပြုလုပ် (ရုပ်/သံ)

သံချပ်သပိတ်မှာ ငလျင်ဘေးသင့်ပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ တော်လှန်နေကြတဲ့ ရဲဘော်များနဲ့ထပ်တူ ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုအား နေ့စဉ်ဗုံးကြဲနေတာကို ရှုတ်ချကြောင်း သံချပ်ထိုးခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ဆုံရွာပျူစခန်းနဲ့ ငါန်းမြာကြီးကျေးရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းနဲ့ ငါန်းမြာကြီးကျေးရွာက ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည့် ကျောင်းသားတပ်မတော် ရဲဘော်များ

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ABSDF Column - 2 က နိုဝင်ဘာ ၁၂ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ဘလယ်ဒိုစခန်းမြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဘလယ်ဒိုစခန်းကို အခုလိုပဲ မြင်တွေ့ရပါတယ်။