စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အဝင်မှာ ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကင်းပုန်းဝပ် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ဇူလိုင်လ ၂၃ ရက် မနက် ၅ နာရီခွဲလောက်မှာ ဆိုင်ကယ် ၂ စီး၊ လူ ၄ ယောက်နဲ့ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆည်မြောင်းရုံးအနီး မုံရွာ-မန္တလေးလမ်းမကြီးပေါ်အရောက်မှာ အသင့်စောင့်နေတဲ့ တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ယောက်လုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“သတင်းရလို့ သွားပစ်တာမျိုးတော့ မဟုတ်ဘူးဗျ။ သူတို့အမြဲတမ်း လုပ်ရိုးလုပ်စဥ်ပဲ။ သူတို့လုပ်နေကျ လုပ်ငန်းအပေါ်မူတည်ပြီး ကျနော်တို့ဘက်က အသင့်စောင့်ဆိုင်း၊ ကင်းပုန်းဝပ်ပြီးတော့ ကျနော်တို့ဘက်က အရင်လက်ဦးမှုယူတဲ့ သဘောလေးပါဗျ။ သူတို့ ဘာမှ ပြန်မပစ်နိုင်ပါဘူး” လို့ ချောင်းဦးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသန့်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေနဲ့အတူ ပါလာတဲ့ MA 3 (၁) လက်၊ MA 11 (၃) လက်၊ ၅.၅၆ ကျည် ၄၀၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ဖုန်း ၂ လုံးနဲ့ ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှု ချောင်းဦးမြို့နယ် ပကဖ အမှတ် (၁) တိုက်နယ် တိုက်ခိုက်ရေးတပ်စိပ်နဲ့ Brave Heart Army (BHA Local PDF) တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပစ်ခတ်မှုတွေ ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက အဲဒီနေရာတဝိုက်မှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးဖမ်းဆီးတာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှု မဖြစ်ခင်ကလည်း အဲဒီလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေက သူတို့မသကာတဲ့ ပြည်သူတွေကို ဖမ်းဆီးတာမျိုးတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၁ရက်နေ့ကလည်း ချောင်းဦးမြို့ ထွေအုပ်ရုံးကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် မှန်ချိုကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ၈နှစ်အရွယ် ကလေးငယ် သေဆုံးကာ နောက်ထပ်တစ်ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးခရိုင် PDF တပ်ရင်း ၂ ၏ စစ်တောင်းမြစ်ဝှမ်းဒေသ မြေပြင်စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ဗျူဟာအမှတ် ၂၅ ၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702)၊ တပ်ခွဲ ၁ ရဲဘော်တွေရဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြင်စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင်အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံ ပြောဆို

ကိုးကန့်တပ်မတော် (MNDAA)နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင်အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံက ဇန်နဝါရီ ၂၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။
Read More

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ရေစကြိုစစ်အုပ်စုများ လက်နက်ကြီးပစ်ခတ်မှုနှင့် လူဖမ်းဆီးမှု ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်ချုပ်ရေးအရေးပေါ် မြို့နယ်အဖြစ် ထုတ်ပြန်ခံရပြီးချိန်ကစလို့ အရပ်သားဖမ်းဆီးမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ တကျော့ပြန် ဆိုးဝါးလာကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ညောင်ရွှေမှာ စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆော-ကျောက်ထု-မင်းတပ်လမ်းပိုင်း မြေပြိုမှု ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆော-ကျောက်ထု-မင်းတပ် လမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။