အာဏာသိမ်းစစ်တပ်က မတရားသဖြင့် ဖမ်းဆီးကွပ်မျက်ခဲ့တဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့အတွက် သတိရအောက်မေ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို လွန်ခဲ့တဲ့ (၃)နှစ်၊ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ရက်မှာ အင်းစိန်ထောင်အတွင်း ကြိုးပေးကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၄ယောက်နဲ့အတူ ကြေကွဲဖွယ် အသက်ဆုံးရှုံးခဲ့ရသူတွေ၊ လက်ရှိအချိန်ထိ မတရားသဖြင့် ဖမ်းဆီးခံထားရသူတွေ အားလုံးကို အောက်မေ့သတိရကြောင်း British Embassy Yangon က ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာပဲ စစ်အာဏာရှင် ဆန့်ကျင်မှုကြောင့် ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင်နဲ့ NLD ပါတီဝင် ကိုပြည့်စုံအောင်တို့ဟာ အကျဥ်းထောင်အတွင်း လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုမရဘဲ ကျဆုံးခဲ့တဲ့သတင်းတွေကို ဝမ်းနည်းဖွယ် တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

အကျဥ်းထောင်အတွင်း နှိပ်စက်ညှင်းပန်းခံရကာ လုံလောက်တဲ့ ဆေးကုသခွင့်မရခြင်းဟာ နိုင်ငံရေးအကျဥ်းသားတွေ သေဆုံးရတဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ဖြစ်နေပြီး မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်း ဗြိတိသျှသံရုံးက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ နိုင်ငံရေးအကျဥ်းသား ၂သောင်း ၂ထောင်ကျော် ဖမ်းဆီးခံထားရပြီး အဲဒီထဲက အယောက် ၇ထောက်ကျော်ဟာ ဖမ်းဆီးခံထားရစဥ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ မတရားသဖြင့် ကွပ်မျက်ခံရမှု ၂နှစ်ပြည့်တွင် အရာတော်သပိတ်စစ်ကြောင်း ဆန္ဒပြခဲ့စဥ်

 

0 Shares:
You May Also Like
Read More

ကမ္ဘာလုံးဆိုင်ရာ All in One Piece Movement တွင် ပါဝင်သူများကို ကျေးဇူတင်ကြောင်း ကိုထိန်လင်းပြော

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All in One Piece Movement မှာ ပါဝင်သူတွေကို ကျေးဇူးတင်ကြောင်း ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။
Read More

ထိုင်းအစိုးရက မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြု၊ ကုလသမဂ္ဂ ကြိုဆို

ထိုင်းနိုင်ငံမှာ ရေရှည် ခိုလှုံနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက ဩဂုတ်လ ၂၆ ရက် အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ 
Read More

အပစ်ရပ်ထားသည့် စစ်ကောင်စီ နိုင်ငံတဝန်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေဟု ကုလ ထုတ်ပြန်

အပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးရုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်မြို့က ဂီတဖျော်ဖြေပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရ…

ထိုင်းနိုင်ငံနယ်စပ်က မြန်မာနဲ့ ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ အုန်းဖျံမြို့မှာ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက ဂီတပွဲတော် လုပ်နေချိန် ဗုံးပေါက်ကွဲပြီး ပွဲလာရောက်ကြည့်ရှုသူ ၃ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဘန်ကောက်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှုအတွင်း မြန်မာလုပ်သားတစ်ဦး သေဆုံး 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဇွန်လ ၈ ရက်နေ့က မတော်တဆမှု ဖြစ်ပွားခဲ့တာကြောင့် အသက် ၃၉ နှစ်အရွယ် မြန်မာလုပ်သားတစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ 
Read More

မြန်မာမှာ အပစ်ရပ် သက်တမ်းတိုးဖို့ မလေးရှားတိုက်တွန်း

လူသားချင်းစာနာမှုလုပ်ငန်းတွေကို အထူးသဖြင့် ငလျင်ဒဏ်သင့်နေရာတွေမှာ လုံခြုံဘေးကင်းပြီး အဟန့်အတားမရှိ လုပ်ကိုင်နိုင်ဖို့အတွက် ဗုဒ္ဓဟူးနေ့က သက်တမ်းကုန်သွားခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ တိုးချဲ့ဖို့နဲ့ သက်တမ်းတိုးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။