မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ပျူစောထီး‌ခေါင်းဆောင် သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စု ဂိတ်စခန်းတစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။

ဇူလိုင်လ ၂၃ရက် မနက် ၁၀ နာရီခွဲလောက်က တပင်ကန်ကျေးရွာ ဆင်တဲဝ တံတားအနီး၊ ရေအောင်မြင်ဘုန်းကြီးကျောင်းရှေ့မှာ တပ်စွဲ ဂိတ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက Multi Roter ၊ “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drones (၁၀) စီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ၅ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူ ၈ ယောက်ထဲက ၂ ယောက်ကတော့ Air Bomb ကျရောက်တဲ့နေရာမှာပဲ ခြေထောက်ပြတ်ထွက်သွားတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

“အဲဒီဂိတ်ကို ကိုင်ထားတာက မြင်းခြံက သီတာယုမွန်က ကိုင်ထားတာ။ ကျနော်တို့ ပထမဦးဆုံး Multi နဲ့ ချလိုက်တဲ့အချိန်မှာ ဂိတ်ပေါ်ကျသွားပြီးတော့ ဖွဲ့စည်းပုံပျက်သွားပြီး ပြာယာခတ်သွားတာ။ သေဆုံးမှုကိုတော့ ကျနော်တို့ တဆင့်ပြန်ကြားသိရတယ်” လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူတူးက မောင်းကို ပြောပါတယ်။

ရေအောင်မြင်ဘုန်းကြီးကျောင်းရှေ့ရှိ စစ်အုပ်စုဂိတ်စခန်းအား သွားရောက်ပစ်ခတ်ပုံ

ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ မြင်းခြံဘက်ကို ကား ၃ စီးနဲ့ ထွက်ပြေးသွားသလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်း ၃ စီးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဆိုပါ ဂိတ်ဟာ ဖြတ်သွားဖြတ်လာ ပြည်သူတွေကို ငွေကြေးကောက်ခံနေတာဖြစ်ပြီး လက်ရှိ ဂိတ်စခန်းမှာ စစ်ကောင်စီတပ်သားတချို့သာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

“အာဏာမသိမ်းခင် ကောက်တုန်းက တံတားဖြတ်ခ ၁၀၀ ကောက်တယ်။ ၂၀၀ ကောက်တယ်။ အခုတော့ အာဏာသိမ်းပြီးတော့ အဲ့လိုပုံစံမျိုး ကောက်တာမဟုတ်ဘဲနဲ့ အဲ့ရှေ့က ဖြတ်ပြီဆိုရင် အကုန်ကောက်တာ။ အခုက ဆိုင်ကယ်လည်းကောက်တယ်။ ကားလည်းကောက်တယ်။ အကုန်ကောက်တယ်။ ပြီးသွားလို့ရှိရင် ရွာဘက်ကနေ မြို့ပေါ်ကို ဈေးတက်ဝယ်တဲ့ ရွာသူရွာသားတွေကို မသကာလို့ရှိရင် ဖမ်းတယ်။ ငွေကြေးနဲ့ ပြန်ရွေးခိုင်းတာမျိုး” လို့ ဗိုလ်မူတူးက ပြောပြပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း လက်ရုံးတပ် ဒရုန်းတပ်ဖွဲ့နဲ့ မလှိုင် ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ရေအောင်မြင်ဘုန်းကြီးကျောင်းရှေ့ရှိ စစ်အုပ်စုဂိတ်စခန်းအား သွားရောက်ပစ်ခတ်ပုံ
0 Shares:
You May Also Like
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာနှင့်စစ်ကူပို့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ်က တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာနှင့်စစ်ကူပို့အတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ၊ လက်ရှိအချိန်ထိ ဆရာမ ၂ဦးနှင့် ကျောင်းသားကျောင်းသူ ကလေးငယ် ၁၁ ဦးသေဆုံးဟုသိရ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဆရာမ ၂ယောက်၊ ကျောင်းသားကျောင်းသူ ကလေးငယ်တချို့ရဲ့ အလောင်းတွေ ရရှိထားကြောင်း ကနဦးသိရှိရပြီး ထိခိုက်သေဆုံးမှု ပိုမိုများပြားလာနိုင်တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။
Read More

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် NLD အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို Laszlo Z. Bito ဆု ချီးမြှင့်

အမေရိကန်ပြည်ထောင်စု၊ Bard ကောလိပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုတိယဥက္ကဌ တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို လူသားအကျိုးဆောင်ရွက်မှုအတွက် Laszlo Z. Bito ဆု ချီးမြှင့်လိုက်တယ်လို့ မေလ ၂၄ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

မရမ်းကုန်းက တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army - YUPA က ထုတ်ပြန်လာပါတယ်။ 
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ…

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီ… (ဓာတ်ပုံသတင်း)

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ၊ နိုင်ငံရေးဌာန ရဲဘော်တွေက ဒီဇင်ဘာ ၂၅ ရက်က သွားရောက်ပြီး ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီခဲ့တယ်လို့ သိရပါတယ်။