မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်‌ခြေမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က စစ်သားနဲ့ ပျူ ၁၅ ယောက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဒေါင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ရက် မနက်အစောပိုင်းမှာ ပခုက္ကူတပ်မ ၁၀၁ကနေ ကား၅စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ရေကြောင်းကနေ လှေ ၆ စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ခန့်မှန်း အင်အား ၁၀ဝ နီးပါးနဲ့အတူ မြစ်ခြေမြို့နယ်၊ ညောင်ပင်အုပ်စုအတွင်းက အရှေ့နံဂါတ်၊ အနောက်နံဂါတ်နဲ့ ညောင်ပင်ရွာတွေဆီ ဝင်ရောက်စီးနင်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ရွာတွေထဲ ဝင်ရောက်မွှေနှောက်ရှာဖွေရင်း တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူသယ်ဆောင်သွားသလို နေအိမ်တွေကိုလည်း စိတ်ကြိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာပြီးတဲ့နောက်မှာလည်း အရပ်သားတွေကိုပါ ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရပါတယ်။

ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက်မှာတော့ ကုန်းလမ်းကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေဟာ အောင်သာပျူစောထီးရွာကို ပြန်လည်ဆုတ်ခွာသွားခဲ့သလို ရေလမ်းကနေ တက်လာတဲ့ စစ်အုပ်စုကလည်း ကျွန်းကလေးရွာနားအထိ ဆုတ်ခွာသွားခဲ့ကြောင်းသိရပါတယ်။

အဲ့လိုမျိုး စစ်ကောင်စီတပ်တွေဆုတ်ခွာသွားတဲ့ ညနေပိုင်းမှာ တော်လှန်ရေးအင်အားစုတွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ၄၅ မိနစ်ကြာ နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများခဲ့ပြီး သေဆုံးသူတွေကို ညောင်ဦးမြို့နယ်ဆီ ပို့ဆောင်ခဲ့တယ်လို့လည်း ဧရာဒေါင်းတာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲထဲ အထိနာသွားတဲ့ စစ်အုပ်စုတွေဟာ အနောက်နံဂါတ်ရွာနေ အရပ်သား ၂ ယောက်နဲ့ ကျီးပင်ကုန်းရွာနေ အရပ်သား ၁ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သလို လှေနဲ့ထွက်ပြေးတဲ့ ကျွန်းကလေးရွာသား ၁ယောက်ကိုလည်း သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုတွေကို ဒေသခံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၅) ဧရာဒေါင်းနဲ့ အတူ ပခုက္ကူခရိုင် တပ်ရင်း (၈)၊ BLY ပေါက် ပ.က.ဖ၊ ပခုက္ကူခရိုင် တပ်ရင်း (၁၃)၊ ပခုက္ကူမြို့နယ် နယ်မြေ (၁) ပ.က.ဖ၊ Red Giant ဗိုလ်အောင်ကျော်၊ အလင်းတန်းပျောက်ကျားတပ်ဖွဲ့ (မြိုင်) YGF၊ Tiger Worrier Force (TWF) နဲ့ King Fighter အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင် ၁ ယောက် မစိုးရမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“စစ်ကြောင်းက မနက်ကတည်းက ရွာတွေပတ်မီးရှို့နေတာ။ ထိတွေ့တိုက်ပွဲက ညနေ ၆ နာရီမှ စဖြစ်တာ.. ၄၅မိနစ် ကြာပါတယ်။ တိုက်ပွဲသတင်း အခုမှထုတ်ပြန်ရတာက စစ်ကြောင်းက မရှင်းသေးလို့ပါ။ နောက်ချန်ကင်းတွေ ချန်ခဲ့လို့ အခုမှ ၀င်ရောက်ရှင်းလင်းရတာ။ အခုတော့ ရှင်းသွားပါပြီ။ ရွာတွေထဲဝင်ပြီး ဆိုင်ကယ်တွေ၊ လက်ဝတ်လက်စားတွေနဲ့ ရှိတာအကုန်ယူသွားတယ်။ မွေးထားတဲ့ ကြက်တွေ ဝက်တွေပါ သတ်စားသွားတယ်။ သူတို့ရှို့ခဲ့တဲ့မီးကြောင့် မီးထဲပါသွားတဲ့ တိရစ္ဆာန်တွေလည်းမနည်းဘူး” လို့ ဧရာဒေါင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရှေ့နံဂါတ်ကျေးရွာက နေအိမ် ၄၇လုံး၊ အနောက်နံဂါတ်ရွာ နေအိမ် ၆၈လုံးနဲ့ ညောင်ပင်ရွာ နေအိမ် ၈၆လုံး၊ စုစုပေါင်း နေအိမ် ၂၀၀ကျော် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖော်ဆောင်နေသည့် ဧရာဒေါင်းအဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ Ayar Daung)

0 Shares:
You May Also Like
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့အတွင်း ဒီဇင်ဘာလ အားကစားပြိုင်ပွဲ ကျင်းပ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က မွန်းလွဲပိုင်းက တပ်ဖွဲ့ ဗဟိုဌာနချုပ် အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေ သီတင်းကျွတ်ကို တော်လှန်သီတင်းကျွတ်အဖြစ် ဆင်နွှဲဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်ကာလမှာ ပြည်သူတွေအနေနဲ့ ဆီမီးသပိတ်ဆင်နွှဲပြီး တော်လှန်သီတင်းကျွတ်အဖြစ်ဆင်နွှဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်ဖို့ သပိတ်အင်အားစုတွေက နှိုးဆော်လိုက်ပါတယ်။
Read More

ငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၄၄ ဦးရှိပြီး ၇၀၀ ကျော် ဒဏ်ရာရကာ သေဆုံးဒဏ်ရာရသူ ဆက်လက်တိုးမြှင့်နိုင်ဟု စစ်ကောင်စီ ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ယောက်ရှိပြီး ဒဏ်ရာရသူ  ၇၃၂ ယောက်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ ဝါဒဖြန့်ရုပ်သံကတဆင့် ဒီနေ့ မတ်လ ၂၈ ရက် ညပိုင်းမှာ ပြောကြားပါတယ်။
Read More

စစ်ဘေးရှောင်ကလေးငယ်တွေကို လေကြောင်းကနေတိုက်ခိုက်လာတဲ့ စစ်ကောင်စီကို လက်နက်နဲ့ လေယာဉ်ဆီရောင်းချမှုတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ တောင်းဆို

စစ်ဘေးရှောင်ကလေးငယ်တွေကိုပါ သေကြေအောင် လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်ကောင်စီထံ လက်နက်နဲ့လေယာဉ်ဆီရောင်းချနေမှုတွေကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံး ရပ်ဆိုင်းဖို့ အရပ်ဖက်နဲ့ တော်လှန်ရေးအင်အားစု ၃၁၀ ကျော်ကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မိုးကုတ်မြို့တွင် ယနေ့မနက် စစ်အုပ်စု ဗုံးကြဲမှုကြောင့် ကလေး (၁) ဦးအပါ ပြည်သူ (၃) ဦး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် ပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မြို့ကို KIA ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲအဖြစ် ပြန်လည်ထိုးစစ်ဆင်နေ 

စစ်ကိုင်းနဲ့ ကချင် အစပ်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အင်းတော်မြို့ကို မြို့သိမ်းတိုက်ပွဲ ပြန်လည်ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။