ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ဒီနေ့ ဇူလိုင်လ ၂၄ရက် မနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အဆိုပါ လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် ဗိုလ်တထောင်ကမ်းနားမှာ ကွန်တိန်နာပုံးတွေ ပြိုကျကာ  ကွန်တိန်နာယာဉ်တချို့ တိမ်းမှောက်ပျက်စီးခဲ့ပြီး စျေးဆိုင်းခန်းတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်တစ်ထောင်ကမ်းနားရှိ Vintage Luxury Hotel အဝင် ဘောတံတားလျှောက်လမ်းမှာရှိတဲ့ လေကာမှန်များ ကွဲသွားခဲ့သလို The Love Boat သင်္ဘောကြိုးပြတ်ပြီး မျောပါကာ Vintage Luxury Hotel သင်္ဘောကို တိုက်မိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဒီနေ့တစ်ရက်တည်းမှာပဲ မွန်ပြည်နယ် သထုံမြို့နဲ့ ပေါင်မြို့တို့မှာလည်း လေဆင်နှာမောင်းတိုက်ခတ်ပြီး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ပြောကြားသော အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ၏ မိန့်ခွန်း

"တော်လှန်ရေးရဲ့ ဦးတည်ချက်ဖြစ်တဲ့ အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက်တွေဟာ ပြည်သူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုကို အာမခံပေးနိုင်မယ့် နိုင်ငံတော်တစ်ရပ်ကို တည်ထောင်နိုင်ဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်”
Read More

ချောင်းဦး-မြင်းမူ လမ်းမကြီးမှာ စစ်ယာဉ်တန်းနဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ ဗုံးကြဲ၊ ၉ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူကားလမ်းမကြီးပေါ်မှာ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ဖေဖော်ဝါရီ ၃ ရက်က မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၉ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ထံက သိရပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း စစ်အုပ်စု ဂိတ်စခန်းနှင့် တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အထိုင်ချထားတဲ့ စစ်အုပ်စုရဲ့ ဂိတ်စခန်းနဲ့ တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မဟာအောင်မြေမြို့နယ်အတွင်း ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ဖောက်ထွင်းခံရပြီး ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းတွေ ခိုးယူခံရတယ်လို့ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ထံက သိရပါတယ်။
Read More

ဝန်းသိုမှ ကောလင်းသို့ စစ်ကူလာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၇ ဦး အရှင်ဖမ်းခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သစ်ဖုလတောင်စခန်းတိုက်ပွဲသို့ စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးပြီး ၇ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။