နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ဖြစ်နေပေါ်နေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ဇူလိုင်လ ၂၄ရက် ဒီနေ့မနက်ပိုင်းမှာ နှစ်ဖက်စစ်တပ်တွေ လက်နက်ကြီးနဲ့ လေကြောင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြပါတယ်။

ကမ္ဘောဒီးယားက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ ထိုင်းနိုင်ငံ စိစကတ်တိုင်း၊ ကန်တာရာလတ်ခရိုင်၊ ဘန်ဖူးရှိ PTT ဓာတ်ဆီဆိုင်နဲ့ 7-Eleven ဆိုင်ကို ထိမှန်ပြီး ၂ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ ကျောင်းသားတွေ ပါဝင်တယ်လို့ သိရပြီး စိုးရိမ်ရတဲ့အခြေအနေ ရှိမရှိကို အသေးစိတ်မရှိရသေးပါဘူး။

အဲဒီဖြစ်ရပ်အပြီး ထိုင်းတော်ဝင်လေတပ်ရဲ့ F-16 တိုက်လေယာဉ်တွေက ကမ္ဘောဒီးယားနိုင်ငံ ချောင်းအန်မားရှိ စစ်အခြေစိုက်စခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ဒီမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ချေမှုန်းခံရ (ရုပ်/သံ)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင် တပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ရှမ်းတောင်၊ ကရင်နီစစ်တိုင်း၊ ဗျူဟာ - ၁၁ က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျားဖြူပါတီဝင်များ၏ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲ (ရုပ်/သံ)

ရန်ကုန်မြို့ ကျားဖြူပါတီဆိုင်းဘုတ်တင်ပွဲတစ်ခုမှာ ပါတီဝင်တွေရဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပန်ဝါမြို့အနီး တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီနယ်ခြားစောင့်တပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် တရုတ်တာဝန်ရှိသူတွေက နယ်စပ်ဂိတ်ပိတ်ပြီး စစ်ရှောင်ပြည်သူတွေကို ဖွင့်ခွင့်ပိတ်ပင် (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့အနီး KIA ဦး‌ဆောင်တဲ့တော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်တွေတိုက်ပွဲဖြစ်ပွားနေချိန်အောက်တိုဘာ၁၇ရက်မနက်ပိုင်းကစတင်ပြီးတရုတ်တာဝန်ရှိသူတွေကနယ်စပ်ဂိတ်ပိတ်ကာစစ်ရှောင်ဖို့ကြိုးစားတဲ့ပြည်သူတွေကိုဖွင့်ခွင့်ပိတ်ပင်ခဲ့တယ်လို့သိရပါတယ်။
Read More

ကဒက်ချောင်းတွင် ရေလာဆော့သည့် စစ်တပ် ဒုအရာခံဗိုလ်ကို ဖမ်းမိ (ရုပ်/သံ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်ပွန်းစခန်းကျေးရွာ ကဒက်ချောင်းမှာ ရေလာဆော့တဲ့ စစ်တပ် ဒုအရာခံဗိုလ် ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပျူစခန်း ၂ ခု ကို ၁၁ ရက်ကြာ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်မှု ပျူ ၄ ယောက် သေ၊ ၆ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားပျူစခန်းနဲ့ သရော်ကိုင် ပျူစခန်းကို နိုဝင်ဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၃ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးအများအပြားကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

နမ့်ဆန်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။