ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက တပ်စုတပ်ကြပ်ကြီး တစ်ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်လိုက်တဲ့ ဒရုန်းဗုံးသီးထိမှန်ပြီး ကျဆုံးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၃ရက် မနေ့က နေ့လယ် ၁၂နာရီလောက်မှာ စစ်ဗျူဟာ (၂) လှုပ်ရှားနယ်မြေအတွင်း တာဝန်ထမ်းဆောင်စဥ် စစ်အုပ်စုရဲ့ ယာယီစခန်းကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်ကောင်စီတပ်ဘက်က ကြဲချတိုက်ခိုက်တဲ့ ဒရုန်းဗုံးသီးကြောင့် တပ်စုတပ်ကြပ်ကြီး ဆန်းလင်းကို (ခ) အလင်းသစ် ထိမှန် ကျဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် တပ်စုတပ်ကြပ်ကြီး ဆန်းလင်းကို (ခ) အလင်းသစ် (ဓာတ်ပုံ ပခုက္ကူခရိုင်တပ်ရင်း-၁၃)

“မကွေးဗျူဟာအဆင့်မလို့ ကျနော်တို့ မိခင်တပ်ရင်းအနေနဲ့ အသေးစိတ်အထိ ဖြေကြားပေးလို့ မရပါဘူးဗျ။ တပ်စုတပ်ကြပ်ကြီး ဆန်းလင်းကို (ခ) အလင်းသစ်က ရန်သူ့ယာယီစခန်းကုန်း ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အချိန် ရန်သူ့ဒရုန်းက ကြဲချတဲ့ ဗုံးသီးကျရောက်ပေါက်ကွဲပြီး ကျဆုံးခဲ့တာပါ” လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၃ က မောင်းကို ပြောပါတယ်။

ကျဆုံးသွားတဲ့ တပ်စုတပ်ကြပ်ကြီး ဆန်းလင်းကို (ခ) အလင်းသစ်ကို မိခင်တပ်ရင်း ရဲဘော်ရဲဘက်တွေက ပြည်သူလူထု တစ်ရပ်လုံးက အမြဲတမ်း အမှတ်ရ ဂုဏ်ပြုနေကြောင်း၊ ကျန်ရှိနေတဲ့ တော်လှန်ရေးတာဝန်တွေကို ရဲဘော်ရဲဘက်တွေက ဆက်လက်ထမ်းဆောင်ကာ စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

တပ်စုတပ်ကြပ်ကြီး-ဆန်းလင်းကို(ခ)အလင်းသစ် ကျဆုံးခြင်းအတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှငြိမ်းချမ်းစွာအနားယူခွင့်ပြုခြင်း အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနှင့် အလေးပြုခြင်း (ဓာတ်ပုံ ပခုက္ကူခရိုင်တပ်ရင်း-၁၃)

0 Shares:
You May Also Like
Read More

နေပြည်တော်မှာ ရေကြီးနေတာကြောင့် စစ်အုပ်စု၏ ကပစ ၁ နဲ့ ကပစ ၄ တို့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးများ ရပ်ထားရ…

“အခုက နေပြည်တော်မှာ နှစ်တိုင်း ရေကြီးတော့မယ့် အနေအထား ရှိတယ်။ ငလျင်ကလည်း တစ်ခါခံရတယ်။ အခုလည်း ရေက ကြီးနေတယ်။ မနှစ်ကလည်း ရေကြီးလို့ဆိုပြီး Production တွေ ရပ်နားခဲ့ရသေးတယ်။ အဲ့လိုဆိုတော့ ခြေလျင်တပ်ရင်းအတွက် လက်နက်ပစ္စည်းတွေ လျော့နည်းနေမှာဖြစ်တယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဗန်းမောက်တွင် စစ်ကောင်စီလက်အောက်ခံ SNA တပ်ဖွဲ့၏ ကာကင်းစခန်းကို PDF ဝင်ရောက်တိုက်ခိုက်၊ SNA ၃ ဦး ထက်မနည်း သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ SNA တပ်ဖွဲ့ဝင်တွေရဲ့ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရင်း တော်လှန်ရေး ရဲဘော်၁ယောက် ကျဆုံးခဲ့ကြောင်း ကသာခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း စစ်တပ်ဆန့်ကျင်ရေး သမိုင်းကြောင်းဖြင့် မဲဆွယ်မှုအပေါ် UEC ထံ မဘသ သတင်းထောက် မေးခွန်းထုတ် တိုင်ကြား၊ အဆိုပါ ကိုယ်စားလှယ်လောင်းက မဘသ သတင်းထောက်အား ရွေးကောက်ပွဲဥပ‌ဒေဖြင့် တရားပြန်စွဲ

မဲဆွယ်စည်းရုံးရေးပြောဆိုချက်တွေဟာ တော်လှန်ရေးနဲ့ဆက်နွယ်တယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင် (UEC) ထံ စွပ်စွဲမေးမြန်းခဲ့တဲ့ မဘသ သတင်းထောက် နောင်တော်လေးကို ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူပေးဖို့ ပြည်သူ့ပါတီ ကိုယ်စားလှယ် ဦးလွင်မြင့်က စစ်အုပ်စုလက်ပါးစေ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။
Read More

ရွှေပြည်သာ အမှတ်(၇) ရပ်ကွက်ရုံးကို မြို့ပြအဖွဲ့ ၂ခု လက်ပစ်ဗုံးပစ်တိုက်ခိုက်၊ အတုအယောင်ရွေးကောက်ပွဲ မဲဆွယ်သည့်နေရာများကို ရှောင်ရှားသွားလာကြရန် သတိပေး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ်(၇) ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် မပေါက်ကွဲသည့် ဟောင်ဝစ်ဇာဗုံးသီးကို မြို့နယ်ပကဖ ရှင်းလင်းပေးခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ပြီး မပေါက်ကွဲသေးတဲ့ ဟောင်ဝစ်ဇာဗုံးသီးကို ဩဂုတ် ၁ ရက်မှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကြံ့ခိုင်ရေး မဲဆွယ်ဆိုင်းဘုတ် ဆုတ်ဖြဲသူအပါ ၇ ဦးကို စစ်ကော်မရှင် ထပ်မံဖမ်းဆီး၊ ရွေးကောက်ပွဲအတု နှောင့်ယှက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၉၅ ဦး ရှိပြီ

အာဏာသိမ်းစစ်ကော်မရှင်က သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ ၇ ယောက်ကို ထပ်မံ ဖမ်းဆီးတရားစွဲဆိုထားကြောင်း မနေ့ညက ထုတ်ပြန်လိုက်ပြီး အခုဆိုရင် ရွေးကောက်ပွဲအတုကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးခံထားရသူ ၉၅ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။