”ကျနော်တို့ ကြောက်တာပေါ့။ စစ်တပ်က လွဲပြီး အခြားအဖွဲ့အစည်းဆို အနားတောင်မကပ်ရဲအောင် ကျနော်တို့ကို ခြိမ်းခြောက်ထားတာ။ မင်းတို့သွား မင်းတို့ကို သတ်မှာပဲ။ မင်းတို့လက်နက်ကိုင်ပြီး ယူသွား၊ မင်းတို့ လက်နက်ယူပြီးသတ်မှာပဲ။ အဲဒါစစ်တပ်က လိမ်တာ။ တကယ်တမ်း ကျနော်တို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါမှာတော့ တခြားစီပါပဲ”

0 Shares:
You May Also Like
Read More

ဒေါ်ဖြူဖြူသင်း နှင့် ဗျူဟာ ၂၆ တာဝန်ခံ ရဲဘော်ဘီဘီ တို့ရဲ့ ဆွေးနွေးပြောကြားချက် (ရုပ်/သံ)

ရိုးမခေါ်သံ ၂ ကမ်ပိန်းကို ဇန်နဝါရီ ၁၄ ရက်ကနေ ဖေဖော်ဝါရီ ၂၈ ရက်အထိ ပြုလုပ်နေတာဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်သိန်း ရရှိဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေထဲက ၅၀ % ကို ဗျူဟာ ၂၆ အတွက် ကျည်ဆန်ခဲယမ်းနဲ့ ကျည်ကာတွေ ဖြည့်တင်းသွားမှာဖြစ်ပြီး ကျန် ၅၀ % ကိုတော့ စစ်ဒေသခွဲ ၂ ဆက်စပ်လိုအပ်ချက်တွေ ဖြည့်ဆည်းသွားမှာ ဖြစ်ပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ၁၅နှစ်အရွယ် စစ်ကောင်စီတပ်သား တိုက်ပွဲနေရာတွင် အိပ်ပျော်ရင်း ကျန်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးပြီး ရှေ့တန်းပို့ဆောင်ခံခဲ့ရတဲ့ အသက် (၁၅)နှစ်အရွယ် မောင်နေထက်လင်းကို စစ်သုံ့ပန်းအဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ဖမ်းဆီးရမိခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် စကခ (၁၂) လက်အောက်ခံ ခမရ (၃၅၅) တပ်သား- ကောင်းထက်အောင်၏ ပြောကြားချက် (ရုပ်/သံ)

“ဥက္ကဋ္ဌလိမ်ခေါ်တာ။ ဥက္ကဋ္ဌ သွေးသွားစစ်လို့ အောက်မှာ ၂ နှစ်စစ်မှုထမ်းရမယ်ဆိုပြီး ထည့်လိုက်တာ။ သွေးသွားစစ်မယ်ဆိုပြီး သင်တန်းရောက်ပြီး တပ်ထဲရောက်လာတာ။ တပ်ထဲမှာ ကျနော်တို့ကို ထိုးကျွေးသလိုဖြစ်လို့ မဖြစ်နိုင်တာလုပ်ခိုင်းတယ်။ အရှေ့ကနေ တက်ခိုင်းပြီး ကျနော်တို့ကို ထိုးကျွေးသလိုဖြစ်လို့ မနေချင်တော့လို့ အလင်းဝင်လာတာ''
Read More

တိုက်ပွဲတစ်ခုအတွင်းမှာ လက်နက်ချခဲ့တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ​ကျော်​​ဇေယျာမြင့်ရဲ့ ပြောကြားချက် (ရုပ်/သံ)

“ကျနော်တို့ လက်နက်ချအညံ့ခံဖို့ စဉ်းစားမိတာကတော့ ကျနော်တို့ ထွက်လာတုန်းက ကျနော့်အထက်မှာ ဗိုလ်မှူးတစ်ယောက်ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ အဲဒီမှာ ပိတ်မိသွားတယ်ပေါ့။ ကျနော် ပြောပါတယ်။ ဗိုလ်မှူး အခြေအနေမကောင်းတော့ဘူး။ အခြေအနေ မလှတော့ဘူးပေါ့။ အဲဒီအတွက် ကျနော်တို့ လက်နက်ချမှ ရတော့မယ်ဆိုတဲ့ အချိန်မှာ အဆင်မပြေသေးဘူးပေါ့။ နောက်ကိုလည်း စစ်ကူတွေ ထပ်လိုက်လာတယ်လို့ ပြောတယ်။ နောက်ဆုံးတော့ ဗိုလ်မှူးလည်း ကျသွားပါတယ်”
Read More

ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်

''တပ်ထဲမှာ နှစ်ရှည်လများ ၁၅ နှစ်၊ အနှစ် ၂၀ ထမ်းဆောင်တဲ့သူတွေတောင်မှ အခုလိုမျိုး ပြေးချင်နေတာ ကျနော်တို့လို မနေ့တနေ့ကမှ ထမ်းဆောင်ရသူတွေဆို ပိုဆိုးတာပေါ့။ ဒါကြောင့်လည်း ကျနော်ဆုံးဖြတ်ချက်ချပြီး အလင်းဝင်လာချင်ဖြစ်တယ်။ ပြီးတော့ ကျနော်တစ်ဦးတည်း အလင်းဝင်ချင်တာမဟုတ်ဘူး။ ၁၀ နှစ်၊ ၁၅ နှစ် ကောင်တွေတောင်မှ လွတ်မြောက်နယ်မြေမှာ အေးရာအေး ကြောင်းနေဆိုရင် ထိပ်ဆုံးကပြေးမယ့်ကောင်တွေ။ ကျနော်တို့ ပစတွေဆို မပြောတော့နဲ့ပေါ့နော်။ ၂ နှစ်ပြည့်လို့မှ သူတို့ဖက်က ကတိမတည်ဘူးဆိုလို့ရှိရင်၊ သူတို့ကတိမတည်ဆိုတာကိုလည်း ကျနော်ယုံတယ်။ အဲဒါကလည်း ဒီ ၂၀၂၆ လေးလပိုင်း ၈ ရက်နေ့ဆိုရင်မှာပေါ့''