ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှာ တပ်စွဲကာ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က အယောက် ၂၀ ကျော် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တိုက်ခိုက်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မနေ့က ဇူလိုင်လ ၂၃ရက် မနက် ၅နာရီအချိန်မှာ အဆိုပါ တိုက်ခိုက်မှုကို စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲဟာ ၁နာရီခန့် ကြာမြင့်ကာ စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် (၁) တိုက်ခိုက်ရေးအဖွဲ့တွေဖြစ်တဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မိုးညိုပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သာယာဝတီခရိုင် ၃၈၀၁၊ တပ်ခွဲ (၅) နဲ့ ဇီးကုန်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ နေ့လယ် ၃နာရီခန့်မှာတော့ ကြို့ကိုးပင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ ရွာထဲကနေ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

Yaw Revolution Army – ထီးလင်း တပ်ဖွဲ့က ရှေ့တန်းရောက်ရဲဘော်အချို့ရဲ့ မိသားစုဝင်တွေကို ဆီနဲ့ ဆန်တွေ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ ၁၆ နဲ့ ၁၇ တို့ ပူးပေါင်းထားတဲ့ Yaw Revolution Army - YRA ထီးလင်း တပ်ဖွဲ့က ရှေ့တန်းရောက်ရဲဘော်တချို့ရဲ့ မိသားစုဝင်တွေကို ဆီနဲ့ ဆန်တွေ ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ခမရ-၅၉၉ မှ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရသူ ၈ ဦး KNLA တပ်ရင်း(၈)ထံ လက်နက်ချခိုလှုံ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)၊ မူးမြို့နယ်မှာ အခြေစိုက်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံကို စစ်အုပ်စု လက်အောက်ခံ ခမရ-၅၉၉ တပ်ရင်းက တပ်သား (၈) ယောက့ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဆက်တိုက်အလင်းဝင်ရောက်လာခဲ့တယ်လို့ KNU ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ရန်ကုန်ဗျူဟာစစ်​ကြောင်းထံ စစ်မှုထမ်း တပ်သား ၂ ဦး လက်နက်များဖြင့် အလင်းဝင်

ကရင်ပြည်နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သားသစ် ၃ ယောက်က လက်နက်တွေနဲ့အတူ ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဂွမြို့နယ် ဂန့်ဂေါ်တောင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းမှူး ဒရုန်းဗုံးသီး ထိမှန်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ် ဂွမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ဂန့်ဂေါ်တောင်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရခိုင့်တပ်တော် AA က ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းမှူး ထိခိုက်သေဆုံးပြီး စစ်သားတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

စစ်ကိုနိုင်အောင်တိုက်ပြီး လူထုလှုပ်ရှားမှုနဲ့ တော်လှန်ရေးကို အရှိန်မြှင့်မယ်

စစ်ကို နိုင်အောင်တိုက်ပြီး တော်လှန်ရေးအတွက် လူထုလှုပ်ရှားမှု အရှိန်ကိုမြှင့်တင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ်သူ ဦးလွင်ကိုလတ်ကပြောပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ နယ်မြေမှာ နိုဝင်ဘာ ပထမပတ်အတွင်း အရပ်သား ၈၂ ယောက်ကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး

စစ်ရေးအားကောင်းတဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလ ပထမပတ်အတွင်း အရပ်သားပြည်သူ ၈၂ယောက်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။