မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၄ ရက် မနက်အစောပိုင်းမှာ ပခုက္ကူတပ်မ ၁၀၁ ကနေ ကား ၅စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ရေကြောင်းကနေ လှေ ၆စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ခန့်မှန်း အင်အား ၁၀၀ ခန့်နဲ့ မြစ်ခြေမြို့နယ်၊ ညောင်ပင်အုပ်စု၊ အရှေ့နံဂါတ်၊ အနောက်နံဂါတ်နဲ့ ညောင်ပင်ရွာတွေဆီ ဝင်ရောက်စီးနင်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး ၂၀၀ ခန့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၅ ယောက်ခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေသခံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၅) ဧရာဒေါင်းနဲ့အတူ ပခုက္ကူခရိုင် တပ်ရင်း(၈)၊ BLY ပေါက် ပ.က.ဖ၊ ပခုက္ကူခရိုင် တပ်ရင်း(၁၃)၊ ပခုက္ကူမြို့နယ် နယ်မြေ (၁) ပ.က.ဖ၊ Red Giant ဗိုလ်အောင်ကျော်၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ (မြိုင်) YGF၊ Tiger Worrier Force (TWF) နဲ့ King Fighter အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင် ၁ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲထဲ အထိနာသွားတဲ့ စစ်ကောင်စီစစ်တပ်ဟာ  အနောက်နံဂါတ်ရွာနေ အရပ်သား ၂ယောက်နဲ့ ကျီးပင်ကုန်းရွာနေ အရပ်သား ၁ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သလို လှေနဲ့ထွက်ပြေးတဲ့ ကျွန်းကလေးရွာသား ၁ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

Video – ဧရာဒေါင်း

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ် လုံခြုံရေး အထပ်ထပ်ချထားသည့် ရန်ကုန်မြို့တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးလှုံ့ဆော် (ရုပ်/သံ)

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်အနေနဲ့ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်မြို့နေပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ Yangon Revolution Force - YRF က နိုဝင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ကျားမင်းကြီးကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ယောက်သေပြီး ၇ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကျားမင်းကြီးကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ‌တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး ၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ YOUNG WOLF PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲအတွင်း ကျည်ကာမလုံလောက်မှုကြောင့် တစ်လှည့်စီဝတ်ကာ တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေဟာ ကျည်ကာမလုံလောက်တဲ့အတွက် ရှိတဲ့ကျည်ကာကို တစ်လှည့်စီဝတ်ကာ တိုက်ပွဲဝင်နေကြရပါတယ်။
Read More

ချောင်းဦးမှာ စစ်ကောင်စီစစ်ကြောင်းကို PDF တွေ မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမှာ စစ်ကောင်စီစစ်ကြောင်းကို ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း အမြောက်အမြားရှိခဲ့ကြောင်း သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ထုတ်လုပ်သည့် ဗုံးသီးမျိုးစုံ (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ထုတ်လုပ်ရေးအဖွဲ့မှ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ထုတ်လုပ်ထားတဲ့ ဗုံးသီးမျိုးစုံကို ထုတ်ပြန်ပြသခဲ့ပါတယ်။
Read More

မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို Shar Htoo Waw နည်းပညာသုံး fixed wings ဒရုန်း ၅ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲ(ခေါ်) မြောင်လမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၈ ရက်က Shar Htoo Waw နည်းပညာသုံး fixed wings ဒရုန်း ၅ စီးနဲ့ ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့ထံက သိရပါတယ်။