စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်၊ ရဲအရာရှိ ၁ ယောက် အပါအဝင် ၄ ယောက်သေဆုံးခဲ့တယ်လို့ Gue Gue PSF စစ်ကြောင်းထံက သိရပါတယ်။

ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းက မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ ရေဦးဆန်ဆိုင်ဂိတ်ကို တော်လှန်ရေးတပ်တွေက အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဂိတ်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ် ဗိုလ် ၁ ယောက်၊ ရဲအရာရှိ ၁ ယောက်နဲ့ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့)၊ GUARDIAN FORCES ၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တိုက်နယ်(၄) ပ.လ.ဖ ၊ Sagaing PDF စစ်ကြောင်း (၂)၊ Democratic Guerrilla Force (DGF) နဲ့ ၅/ဖိုက်တာအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – SAGAING-PDF

0 Shares:
You May Also Like
Read More

စလင်းမြို့က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားထိခိုက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့ ခလရ ၂၅၃၊ ၂၅၄နဲ့ ၂၅၅ က  အင်အား ၃၀၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်‌တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားထိခိုက် သေဆုံးခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF ထံက သိရပါတယ်။
Read More

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၆ ဦး သေဆုံးကာ သေနတ် ၈ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် လကတ ၂၀၃၆ တပ်မှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ဦး သေဆုံးပြီး သေနတ် ၈ လက်သိမ်းဆည်းရရှိခဲ့တယ်လို့  ပခုက္ကူခရိုင်စစ်ဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတုန်းမြို့နယ်အတွင်း တိုင်းအဆင့်ရဲမှူးလိုက်ပါစီးနင်းလာသည့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ တိုင်းအဆင့် ရဲမှူး စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဖိုးဝှီးကား ၁ စီး မိုင်းထိမှန်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း သိမ်းဆည်းထားသည့် စစ်ကောင်စီတပ်စခန်းကုန်းတွင် PDF အလံလွှင့်ထူ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အထိုင်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးပျူရွာ၊ ဘိုးနတ်တောင်စခန်းကုန်း၊ တောင်လှဗျူဟာစခန်းကုန်းနဲ့ ဘိုးထွန်းကျော် ဗျူဟာစခန်းကုန်းတွေကို ဇူလိုင် ၄ ရက်၊ ၅ ရက်နဲ့ ၇ ရက်တို့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ကျောင်းသားလူငယ်တွေရဲ့ ”ကျောင်းသားဟစ်တိုင်သံချပ်” (ရုပ်/သံ)

ဒို့ဖက်ဒရယ် သံချပ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အနုပညာဝါသနာပါတဲ့ တော်လှန်ကျောင်းသား ကျောင်းသူတွေရဲ့ ''ကျောင်းသားဟစ်တိုင်သံချပ်"ကို ယခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။