ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်လာမှုတွေ ရှိနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၁ ရက်ကနေ ၂၄ ရက်အထိ အထက်ပါနေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားပြီး DSA စစ်တက္ကသိုလ် အပတ်စဥ် (၅၄) ဆင်းဖြစ်သူ ဖြိုးကျော် (ဒု-ဗျူဟာမှူးဟု ယူဆရသူ) နဲ့ တခြားစစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ရဲ့ ရုပ်အလောင်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်တဲ့အခါမှာလည်း လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း MDY PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လောက်ကိုင်တုန်းက လက်နက်ချခဲ့တဲ့ လောက်ကိုင်ဒကစ လက်အောက်ခံ ခလရ (၂၃၉) တပ်ရင်းလည်း ပုသိမ်ကြီးမြို့နယ် တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေမှာ တွေ့မြင်ရတဲ့ အမှတ်တံဆိပ်အရ သိရတယ်လို့ ဆိုပါတယ်။

 ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်တိုက်ပွဲတွေအတွင်း  အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ(၂၀) ရက်နေ့မှာ ဂျက်ဖိုက်တာ (၃) ကြိမ်နဲ့ Y-12 (၁)ကြိမ်၊ ဇူလိုင်လ (၂၁) ရက်နေ့မှာ ဂျက်ဖိုက်တာ (၄)ကြိမ် ၊ Y-12 (၃) ကြိမ် နဲ့ Mi-35 (၂) ကြိမ် ၊ ဇူလိုင်လ (၂၂) ရက်နေ့မှာ ဂျက်ဖိုက်တာ (၃)ကြိမ်၊ Y-12 (၂) ကြိမ်နဲ့ Mi-35 (၁) ကြိမ်၊ ဇူလိုင်လ (၂၃) ရက်နေ့မှာ ဂျက်ဖိုက်တာ (၁) ကြိမ် နဲ့ Y-12 (၁) ကြိမ် လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့  မိတ်ဖက်မဟာမိတ်တပ်ဖွဲ့တွေကတော့ ဘယ်လိုအခက်အခဲတွေနဲ့ ဖိအားတွေပဲရှိပါစေ ပန်းတိုင်ဆီ မမှိတ်မသုန် ဆက်လက်ချီတက်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရပ်စောက်က ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မြို့ကို KIA ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲအဖြစ် ပြန်လည်ထိုးစစ်ဆင်နေ 

စစ်ကိုင်းနဲ့ ကချင် အစပ်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အင်းတော်မြို့ကို မြို့သိမ်းတိုက်ပွဲ ပြန်လည်ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ၄ လ ကျော်ကြာတဲ့အထိ ထောင်ဝင်စာဧည့်တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲအတွင်း အသက်နှင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့သည့် ရဲဘော်များ၏ မိသားစုဝင်များကို ဒုတိယအကြိမ် သွားရာက်ဂါရဝပြုကန်တော့

ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့ကြတဲ့ ဂန့်ဂေါခရိုင်တပ်ရင်း (၆) က ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့ကြတဲ့ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဒုတိယအကြိမ်မြောက် သွားရောက် အလေးပြု​ခြင်းနဲ့ ဂါရဝပြုကန်တော့​ခြင်း​ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှာ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု တရုတ်ရှုံ့ချ

ပြီးခဲ့တဲ့အပတ်မှာ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို တရုတ်နိုင်ငံက ရှုံ့ချခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးစားလုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

PDF ရဲဘော်ကို ဖမ်းသွားတဲ့ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ကို ဖမ်းဆီးသွားတဲ့ အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။