မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရှောင်အရပ်သားတွေကို ရွာထဲပေးမဝင်ဘဲ မောင်းထုတ်နေကြောင်း Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

မနေ့က ဇူလိုင်လ ၂၃ ရက် နေ့လယ်ပိုင်းအချိန်ကစလို့ ပုသိမ်ကြီးမြို့နယ်၊ မြကံသာကျေးရွာတစ်ဝိုက်ကို အကြမ်းဖက်စစ်ကောင်စီက တံတားဦးလေဆိပ်တက် Y-12 ထောက်ပို့လေယာဥ်နဲ့ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ Mi35 ရဟတ်ယာဥ်တွေပါသုံးပြီး ဗုံးကြဲခဲ့သလို ထီးတော်မိုး၊ ဖောင်တော်ဦး၊ မန္တလေးတောင်ခြေ စစ်တပ် တပ်ရင်းတွေကနေပါ လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ပုသိမ်ကြီး စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

“မနေ့က တစ်နေကုန်လုံးနီးပါး မြကန်သာတဝိုက် လေကြောင်းက ချတာ ဂျက်ဖိုက်တာတွေရော Mi35 တွေနဲ့ရောပဲ။ နောက်ပြီး ထီးတော်မိုးရယ်၊ ဖောင်တော်ဦးရယ်နဲ့ မန်းတောင်ခြေ ခလရ ၉၅ ကနေလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်ပါတယ်” လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ်က စစ်ကောင်စီစခန်းတွေကို MDY -PDF နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီက ဆက်လက်စစ်ကြောင်းထိုးဝင်ရောက်နေရာမှာ နှစ်ဖက်ထိတွေ့မှုတွေ ဆက်တိုက်ရှိနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“မြကန်သာနဲ့ သရက်ကိုင်းက ပုသိမ်ကြီးနယ်ဆိုပေမယ့် မတ္တရာနယ်နဲ့ ကပ်လျက်။ ထိတွေ့မှုတွေ ဆက်ရှိနေဆဲပဲလို့ ပြောရမယ်။ အဲ့ဘက်ရွာတွေမှာ စခလက်နက်ကြီးတွေ၊ လေကြောင်းတွေကြောင့် အရပ်သား သေဆုံးမှုတွေလည်းရှိတယ်။ အိမ်တွေလည်း မီးလောင်တယ်။ အတိအကျတော့ မသိရသေးဘူး” လို့ ပုသိမ်ကြီး စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီက ရွာထဲပြန်လည်ဝင်ရောက်ဖို့ကြိုးစားတဲ့ ဒဟတ္တောဒေသခံတွေကို ရွာထဲ အဝင်မခံတော့ဘဲ တိုက်ပွဲအကြောင်းပြ နှင်ထုတ်နေကြောင်း Voice Of Mandalay က ဖော်ပြပါတယ်။

“တိုက်ပွဲစကတည်းက ရှောင်နေရတဲ့ ရွာခံတွေ ရွာထဲပြန်ဝင်ဖို့လုပ်တာကို ဒီနေရာက စစ်ဖြစ်မှာမို့လို့ဆိုပြီး မောင်းထုတ်တာပါ။ ပြည်သူတွေလည်း အခု ကားကြီးကားငယ်တွေနဲ့ ပစ္စည်းတွေသိမ်းပြီး တိမ်းရှောင်ဖို့ လုပ်နေကြရပါတယ်” လို့ Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာအပါအဝင် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာရှိ အကြမ်းဖက်စစ်စခန်းတွေကို MDY PDF နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်သုံ့ပန်းတွေနဲ့ တရုတ်အစိုးရထုတ် စစ်လက်နက်ပစ္စည်းတွေပါ သိမ်းဆည်းရမိထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ PDF ရဲဘော် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် (ACDF) (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) အနေနဲ့ နိုဝင်ဘာ ၁၆ ရက်မှာ ကျရောက်တဲ့ (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တောင်ခမ်းတိုက်ပွဲတစ်ခုအတွင်း ပြန်ဆုံတဲ့ ဆန့်ကျင်ဘက် ယူနီဖောင်းဝတ် ညီအစ်ကိုအရင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ၊ တောင်ခမ်းဒေသမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေရာ ဖေဖော်ဝါရီ ၄ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) က သတင်းဖော်ပြထားပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော်၊ အမှတ် (၂၁၀၅) တပ်ရင်းမှ တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့

ကယန်းအမျိုးသားတပ်မတော် (KNA)၊ အမှတ် (၂၁၀၅) တပ်ရင်းက တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို ဟာ စက်တင်ဘာ ၂ ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ KNA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်သား ၆၀ ကျော် အရှင်ဖမ်းမိ…၊ စစ်တပ်က သေဆုံးသူနှင့် ထွက်ပြေးသူ ၄၀ ထက်မနည်းရှိ…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၆၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။