ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အငြင်းပွားမှု ပြဿနာကြီးထွားလာပြီး နှစ်ဖက်စစ်တပ်တွေက လက်နက်ကြီးတွေ၊ လေကြောင်းတွေ အသုံးပြုကာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။

ကမ္ဘောဒီးယားဘက်က ပစ်ခတ်လိုက်တဲ့ BM-21 ဒုံးကျည်ကြောင့် ထိုင်းနိုင်ငံရှိ PTT ဓာတ်ဆီဆိုင်နဲ့ 7-Eleven ကို ထိမှန်ပြီး အရပ်သား ၂ ယောက်သေဆုံးခဲ့ပါတယ်။ ထိုင်းစစ်တပ်ကလည်း တိုက်လေယာဉ်အသုံးပြုပြီး ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

ဒါကတော့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ကမ္ဘောဒီးယားကနေ ထိုင်းနိုင်ငံဘက်ခြမ်းကို BM-21 ဒုံးကျည်တွေ ပစ်ခတ်နေတဲ့ ရုပ်သံဖိုင်တွေ ဖြစ်ပါတယ်။ 

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် တရုတ်၏လုပ်ရပ်များ ရပ်တန့်ရန် ခါရာ ဆန္ဒပြတောင်းဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့မှာ သရုပ်ဆောင်ခါရာက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
Read More

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်ကို မတ်လ ၈ ရက် ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုက နေအိမ် ၁၅ လုံး မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ရက် ၂၀ ကြာ စစ်ကြောင်း ထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ People's Defence Force -Yenangyaung က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆောင်နန်းခဲကျေးရွာရှိ စစ်တပ်လက်အောက်ခံ PNA တပ်သားများကို ဗုံးသီးကြဲချ၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဇွန်လ ၂၈ ရက်မှာ Pekhon Sky Predators Drone Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို စစ်ကူလာသည့် ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း သရက်မြို့နယ် ဆင်ကော်ရဲစခန်းဆီ စစ်ကူပေးဖို့လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်- ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ် လဝကရုံးရှေ့မှာ ဂိတ်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်မှာရှိတဲ့ လဝကရုံးရှေ့မှာ ဂိတ်ချပြီး စစ်ဆေးရေး လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်ခွဲထံက သိရပါတယ်။