ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက တပ်စုတပ်ကြပ်ကြီး တစ်ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်လိုက်တဲ့ ဒရုန်းဗုံးသီးထိမှန်ပြီး ကျဆုံးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၃ရက် မနေ့က နေ့လယ် ၁၂နာရီလောက်မှာ စစ်ဗျူဟာ (၂) လှုပ်ရှားနယ်မြေအတွင်း တာဝန်ထမ်းဆောင်စဥ် စစ်အုပ်စုရဲ့ ယာယီစခန်းကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်ကောင်စီတပ်ဘက်က ကြဲချတိုက်ခိုက်တဲ့ ဒရုန်းဗုံးသီးကြောင့် တပ်စုတပ်ကြပ်ကြီး ဆန်းလင်းကို (ခ) အလင်းသစ် ထိမှန် ကျဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် တပ်စုတပ်ကြပ်ကြီး ဆန်းလင်းကို (ခ) အလင်းသစ် (ဓာတ်ပုံ ပခုက္ကူခရိုင်တပ်ရင်း-၁၃)

“မကွေးဗျူဟာအဆင့်မလို့ ကျနော်တို့ မိခင်တပ်ရင်းအနေနဲ့ အသေးစိတ်အထိ ဖြေကြားပေးလို့ မရပါဘူးဗျ။ တပ်စုတပ်ကြပ်ကြီး ဆန်းလင်းကို (ခ) အလင်းသစ်က ရန်သူ့ယာယီစခန်းကုန်း ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အချိန် ရန်သူ့ဒရုန်းက ကြဲချတဲ့ ဗုံးသီးကျရောက်ပေါက်ကွဲပြီး ကျဆုံးခဲ့တာပါ” လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၃ က မောင်းကို ပြောပါတယ်။

ကျဆုံးသွားတဲ့ တပ်စုတပ်ကြပ်ကြီး ဆန်းလင်းကို (ခ) အလင်းသစ်ကို မိခင်တပ်ရင်း ရဲဘော်ရဲဘက်တွေက ပြည်သူလူထု တစ်ရပ်လုံးက အမြဲတမ်း အမှတ်ရ ဂုဏ်ပြုနေကြောင်း၊ ကျန်ရှိနေတဲ့ တော်လှန်ရေးတာဝန်တွေကို ရဲဘော်ရဲဘက်တွေက ဆက်လက်ထမ်းဆောင်ကာ စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

တပ်စုတပ်ကြပ်ကြီး-ဆန်းလင်းကို(ခ)အလင်းသစ် ကျဆုံးခြင်းအတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှငြိမ်းချမ်းစွာအနားယူခွင့်ပြုခြင်း အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနှင့် အလေးပြုခြင်း (ဓာတ်ပုံ ပခုက္ကူခရိုင်တပ်ရင်း-၁၃)

0 Shares:
You May Also Like
Read More

ကန့်ကွက်ဝေဖန်မှုတွေများခဲ့တဲ့ ဒေသန္တရတားမြစ်ချက်ဥပဒေကို ကျောတိုက်နယ် ပအဖ ပြန်လည် ပယ်ဖျက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ခဲ့တဲ့ ဒေသန္တရတားမြစ်ချက်တွေနဲ့ပတ်သက်ပြီး အရပ်သားပြည်သူတွေ နားလည်မှုလွဲသွားတာကြောင့် ထုတ်ပြန်ချက်တွေကို ပြန်လည် ပယ်ဖျက်လိုက်တယ်လို့ ကျောတိုက်နယ် ပအဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့က ရဲဘော်တွေ ပေါင်းစည်းထားတဲ့ အမှတ်(၈) စစ်ကြောင်းရဲ့ ပထမသက်တမ်း တိုက်ပွဲဝင် ပုံရိပ်များ

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ /ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့ရဲ့ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ ၂၀၂၄ နှစ်စပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမှတ်(၈) စစ်ကြောင်း (ပထမသက်တမ်း) ပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ရေး-ထားဝယ်လမ်းပိုင်းတွင် ကုန်တင်ကားများ တိုက်ခိုက်ခံရ၊ ယာဥ်မောင်း ၂ ဦး သေဆုံးပြီး ကား ၁ စီး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းတနေရာမှာ သွားလာနေတဲ့ ကုန်တင်ကားတွေ တိုက်ခိုက်ခံရကာ ယာဉ်မောင်းနဲ့ နောက်လိုက် သေဆုံးမှုရှိခဲ့ပြီး ကား ၁ စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့မှ ထွက်လာသည့်စစ်အုပ်စု ယာဥ်တန်း တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် ၂ ဦးနှင့် ပျူ အယောက် ၄၀ ခန့် သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ကနေ ထွက်ခွာလာတဲ့ စစ်အုပ်စု ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ TGYR မြင်းခြံခရိုင် အမှတ် (၁၁) တပ်ရင်းထံက သိရပါတယ်။
Read More

သတင်းထောက်လှမ်းနေတဲ့ အရပ်ဝတ် စစ်သားကို ရေးဘီလူး အရှင်ဖမ်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်လမ်းဝအနီးမှာ သတင်းထောက်လှမ်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက်ကို ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ဦးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၁၀ ယောက် ကျဆုံးကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ ဖော်ပြနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်ပြီး ကာကွယ်ရေးတပ်တွေဘက်မှာ သေဆုံးသူတွေရှိထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် သတင်းချန်နယ်တွေမှာ ဖော်ပြကြပါတယ်။