မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ဓားပြတွေကြား ပစ်ခတ်မှုဖြစ်ပွားကာ လူထိခိုက်မှုတွေရှိခဲ့ကြောင်း Voice Of Mandalay နဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၂၄ရက်၊ ဒီနေ့ ညနေ ၄နာရီလောက်မှာ မဟာအောင်မြေမြို့နယ်၊ ၃၉လမ်း၊ ၈၅ နဲ့ ၈၆လမ်းကြား၊ မန်းမြို့စျေးမှာရှိတဲ့ ရွှေနန်းသုခရွှေဆိုင်ကို လက်နက်ကိုင်တချို့က ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာချိန်မှာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း လူ ၂ယောက် ထိခိုက်ထားကြောင်း မန္တလေးမြို့ခံ မဏီစလလူမှုကူညီရေးအသင်းက ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

“အပြန်အလှန်ပစ်ကြတာ ၁၀ချက်လောက်ရှိတယ်။ ထိတာက ဆိုင်ဝန်ထမ်း ၂ယောက်ပါ။ နောက်ပြီး အမျိုးသမီး၁ယောက်လည်း ဓားနဲ့ခုတ်ခံရတယ်” လို့ မန္တလေးမြို့ခံ တစ်ယောက်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် မန္တလေးမြို့အတွင်း ခိုးမှု၊ ဖုန်းလုခံရမှုနဲ့ အိုးဝေလုယက်ခံရမှုတွေလည်း တစ်နေ့တစ်ခြား ပိုမိုဆိုးဝါးလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစလို့ ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့ကြီးတွေမှာ ဓားပြတိုက် လုယက်မှုတွေ မကြာခဏဆိုသလို ရှိလာနေပြီး စစ်ကောင်စီက ထိထိရောက်ရောက် အရေးမယူနိုင်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

စစ်အုပ်ချုပ်ရေးအားကောင်းရာ မြို့ပေါ်တွေမှာ အခုလို ပစ်ခတ်လုယက်မှုတွေ ဖြစ်ပေါ်တာဟာ  စစ်အုပ်စုလက်ပါးစေ ပျူစောထီးနဲ့ အပေါင်းအပါတွေ အဓိကလုပ်ဆောင်ကြတာလို့လည်း အရပ်သားတွေက ပြောဆိုနေကြပါတယ်။

ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခံရမှုဖြစ်စဥ်အပြီး ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံပို့ဆောင်နေစဉ် (ဓာတ်ပုံ မဏီစလ လူမူကူညီရေးအသင်း)

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က တပ်ရင်းရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA) က တပ်ရင်းက တပ်ခွဲတွေရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖလမ်းမြို့ အနောက်မြောက်ဘက်ရှိ စစ်အုပ်စုစခန်းကုန်းနှစ်ခုအား ချင်းကာကွယ်ရေးတပ်များ သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြားနှင့် စစ်သုံ့ပန်းများ ရရှိထား

ချင်းပြည်နယ်၊ ဖလမ်းမြို့အနောက်ဘက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်းကနေ စစ်အုပ်စုရဲ့ စခန်းကုန်းနှစ်ခုနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် ( CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကို ပြောပါတယ်။
Read More

ချပ်သင်းအထိုင်စခန်းမှ ထွက်လာသည့် စစ်အုပ်စု စစ်ရှောင်လင်မယားကို သတ်ဖြတ်ကာ စစ်ရှောင်တဲ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းက ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ဘေးရှောင်နေတဲ့ လင်မယား ၂ ယောက်ကို သတ်ဖြတ်ကာ စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ပါတယ်။
Read More

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာဟု လူသိများ‌သော Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချ

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာလို့ လူသိများ‌တဲ့ Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချလိုက်တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင် တရုတ်ကို ထွက်ခွာအပြီး နာရီပိုင်းအကြာ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရ

နေပြည်တော်မှာ အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မယ်ဇလီ-ဆည်တော် ကြိုးတံတားက ဂိတ်စခန်းအပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ယောက် သေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက မယ်ဇလီ-ဆည်တော် ကြိုးတံတားက စစ်ကောင်စီဂိတ်စခန်းအပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။