နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ပြဿနာ ပိုမိုကြီးထွားလာပြီးနောက် ဒီနေ့မနက်ပိုင်းကစလို့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာကြောင့် ထိုင်းဘက်ခြမ်းမှာ ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိနေပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံရဲ့ သံတမန်ဆက်ဆံရေးကို အဆင့်နှိမ့်ချလိုက်ပြီးတဲ့နောက် အခုလို ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာခဲ့ကာ ကမ္ဘောဒီးယားဘက်ကလည်း ဘန်ကောက်မှာရှိသမျှ သူ့ရဲ့ သံရုံးဝန်ထမ်းအားလုံးကို ပြန်ခေါ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ပစ်ခတ်မှုတွေအတွင်း ကမ္ဘောဒီးယားရဲ့ ဒုံးကျည်တွေ ထိုင်းနိုင်ငံထဲ ကျရောက်ပေါက်ကွဲလို့ ထိုင်းပြည်သူ ၁၂ ဦးအထိ သေဆုံးထားတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ကမ္ဘောဒီးယားဘက်က BM-21 ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ထိုင်းတော်ဝင်လေတပ်ကလည်း F-16 တိုက်လေယာဥ်တွေ စေလွှတ်ကာ ကမ္ဘောဒီးယား စစ်အခြေစိုက်စခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအတွင်းရှိ PTT ဓာတ်ဆီဆိုင်အား ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်ထိမှန်ခဲ့စဥ် (ဓာတ်ပုံ ThaiEnquirer)

လက်ရှိ စစ်အာဏာသိမ်းမှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသား အတော်များများဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေတာကြောင့် ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲနဲ့ ပတ်သက်လို့ ဂရုစိုက် သတိပြုနေထိုင်ကြဖို့၊ တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်နေရာတွေကို ရှောင်ရှားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သတိပေးထားပါတယ်။

“ဆိုရှယ်မီဒီယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားပဋိပက္ခကို ပိုမိုဆိုးရွားစေမည့် ပို့စ်တင်ခြင်း၊ ကွန်မန့်ရေးခြင်းများ သတိထားရှောင်ကျဉ်ကြရန်။ ထိုင်းလူမျိုး၊ မြန်မာလူမျိုးနှင့် ကမ္ဘောဒီးယားလူမျိုးများသည် လုပ်ငန်းခွင်များတွင် အတူတကွ လုပ်ကိုင်နေကြပါသဖြင့် ဂရုတစိုက် သတိနှင့် နေထိုင်ကြပါရန် ကနဦး သတိပေး နှိုးဆော် အပ်ပါသည်။” လို့ ဒေါ်ဇင်မာအောင်က လူမှုကွန်ရက်ကတဆင့် ရေးသားသတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိဖြစ်သူနဲ့ တွေ့ဆုံခဲ့

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၉) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ် ဆောင်ရွက်မယ့် Philemon Yang နဲ့ စက်တင်ဘာ ၁၆ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများအတွက် ဗြိတိန်နှင့် ဩစတေးလျအစိုးရတို့ ငွေကြေးဆိုင်ရာ ကူညီထောက်ပံ့မှုများ စတင်ပေးအပ်

ဗြိတိန်နဲ့ ဩစတေးလျ အစိုးရတွေက မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အင်အားပြင်းငလျင်အတွက်  သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် ငွေကြေးထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမယ်လို့ သက်ဆိုင်ရာ သံရုံးတွေကနေ အသီးသီးထုတ်ပြန်ပါတယ်။
Read More

ဗင်နီဇွဲလားနိုင်ငံဘက်က ထွက်ခွာလာတဲ့ ရုရှားအလံလွှင့် ရေနံတင်သင်္ဘောတစင်းကို အမေရိကန်ရေတပ် ဝင်ရောက်စီးနင်း

အမေရိကန်ရေတပ်က  ဗင်နီဇွဲလားနိုင်ငံဘက်က ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘောတစင်းကို ဇန်နဝါရီ ၇ ရက်၊ ဒီကနေ့မနက်မှာ ဝင်ရောက်စီးနင်းလိုက်တယ်လို့ နိုင်ငံတကာသတင်းများမှာ ဖော်ပြနေပါတယ်။
Read More

အလှမယ်များကို အော်ဟစ်ကြိမ်းမောင်းခဲ့မှုကြောင့် Miss Universe Thailand ဥက္ကဋ္ဌ နာဝပ် တာဝန်များ ကန့်သတ်ခံရ၊ နာဝပ် ပြန်တောင်းပန်

Miss Universe ပြိုင်ပွဲဝင် အလှမယ်တွေကို Miss Universe Thailand (MUT) ဥက္ကဋ္ဌဖြစ်သူ နာဝပ် အစ်ဆာရာဂရီဆယ်က အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် နာဝပ်ကို တာဝန်တွေကနေ ကန့်သတ်နိုင်သမျှ ကန့်သတ်ကာ သူ့ရဲ့ အခန်းကဏ္ဍကို လျှော့ချသွားမယ်လို့ မယ်စကြဝဠာအဖွဲ့ (MUO) ပူးတွဲပိုင်ရှင် ရာအူးလ်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။
Read More

နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးနှင့် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လန်ဒန်မြို့ ပါလီမန်ရှေ့ မြန်မာ ၇၀၀ ခန့် ဆန္ဒပြ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ဦးဆောင်တဲ့ All in One Piece ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၃ ရက် မနေ့က လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ဘုရားသုံးဆူက တရုတ်ငွေလိမ်ဂိုဏ်းတွေ နေရာပြောင်း

ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓာတ်အား၊ လောင်စာနဲ့ အင်တာနက် ဖြတ်တောက်ပြီး ရက်ပိုင်းအကြာမှာ ဘုရားသုံးဆူက တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ နေရာပြောင်းရွှေ့သွားတယ်လို့ ထိုင်းလုံခြုံရေးသတင်းရင်းမြစ်တွေက ပြောဆိုကြောင်း Bangkok Post က ဖေဖော်ဝါရီလ ၁၃ ရက်မှာ ရေးသားဖော်ပြထားပါတယ်။