နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ဖြစ်နေပေါ်နေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ဇူလိုင်လ ၂၄ရက် ဒီနေ့မနက်ပိုင်းမှာ နှစ်ဖက်စစ်တပ်တွေ လက်နက်ကြီးနဲ့ လေကြောင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြပါတယ်။

ကမ္ဘောဒီးယားက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ ထိုင်းနိုင်ငံ စိစကတ်တိုင်း၊ ကန်တာရာလတ်ခရိုင်၊ ဘန်ဖူးရှိ PTT ဓာတ်ဆီဆိုင်နဲ့ 7-Eleven ဆိုင်ကို ထိမှန်ပြီး ၂ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ ကျောင်းသားတွေ ပါဝင်တယ်လို့ သိရပြီး စိုးရိမ်ရတဲ့အခြေအနေ ရှိမရှိကို အသေးစိတ်မရှိရသေးပါဘူး။

အဲဒီဖြစ်ရပ်အပြီး ထိုင်းတော်ဝင်လေတပ်ရဲ့ F-16 တိုက်လေယာဉ်တွေက ကမ္ဘောဒီးယားနိုင်ငံ ချောင်းအန်မားရှိ စစ်အခြေစိုက်စခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း သင်တန်းနည်းပြတွေရဲ့ ကြီးကြပ်မှုနဲ့ သင်တန်းဆင်းမယ့် ရဲဘော်တွေရဲ့ လေ့ကျင့်မှုမှတ်တမ်း (ရုပ်/သံ)

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက သင်တန်းနည်းပြတွေရဲ့ ကြီးကြပ်မှုနဲ့ သင်တန်းဆင်းမယ့် ရဲဘော်တွေရဲ့ လေ့ကျင့်မှုမှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မင်းကွန်းမြို့နယ် ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရတနာပုံတပ်ဦးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

“စက်လက်စုံညီ ရှေ့သို့ချီ” ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ယင်းမာပင် ပကဖ ဖိတ်ခေါ် (ရုပ်/သံ)

အညာဒေသမှာ စနစ်တကျ စုဖွဲ့ပြင်ဆင်မှုတွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် “စက်လက်စုံညီ ရှေ့သို့ချီ" ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ ယင်းမာပင်ခရိုင် ပကဖ က ဖိတ်ခေါ်လိုက်ပါတယ်။
Read More

အင်းတော်မြို့ ဂျပန်လှိုဏ်ဂူအား ပြင်ဦးလွင်ခရိုင်ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်ခဲ့မှု (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခံစစ်ပြင်ထားတဲ့ ဂျပန်လှိုဏ်ဂူကို ပြင်ဦးလွင်ခရိုင် အမှတ် - ၅၀၉ ၊ အမှတ် - ၅၁၀ ၊ အမှတ် - ၅၁၂နဲ့ ပြင်ဦးလွင်ခရိုင်တပ်ရင်း - ၁၊ တပ်ရင်း -၂ ရဲဘော်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ facebook လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။
Read More

တောင်သာမြို့အနောက်ဘက် စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ‌‌တောင်သာမြို့ အနောက်ဂိတ် ‌(ခေါ်) သံလမ်းဂိတ်ကို တော်လှန်ရေးတပ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Scorpions People Defense Force က ဒီနေ့ ထုတ်ပြန်ပါတယ်။