ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အငြင်းပွားမှု ပြဿနာကြီးထွားလာပြီး နှစ်ဖက်စစ်တပ်တွေက လက်နက်ကြီးတွေ၊ လေကြောင်းတွေ အသုံးပြုကာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။

ကမ္ဘောဒီးယားဘက်က ပစ်ခတ်လိုက်တဲ့ BM-21 ဒုံးကျည်ကြောင့် ထိုင်းနိုင်ငံရှိ PTT ဓာတ်ဆီဆိုင်နဲ့ 7-Eleven ကို ထိမှန်ပြီး အရပ်သား ၂ ယောက်သေဆုံးခဲ့ပါတယ်။ ထိုင်းစစ်တပ်ကလည်း တိုက်လေယာဉ်အသုံးပြုပြီး ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

ဒါကတော့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ကမ္ဘောဒီးယားကနေ ထိုင်းနိုင်ငံဘက်ခြမ်းကို BM-21 ဒုံးကျည်တွေ ပစ်ခတ်နေတဲ့ ရုပ်သံဖိုင်တွေ ဖြစ်ပါတယ်။ 

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

သံပြားကာယာဉ် ၄ စီးနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း သံပြားကာယာဉ် ၄ စီးနဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာ Sharr Htoo Waw နည်းပညာသုံး Fixed Wings Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရသည့် စစ်သား ၇ ယောက် ဆားလင်းကြီးပအဖထံ အလင်းဝင် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရတဲ့ စစ်သား ၇ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အမြန်လမ်း မိုင်တိုင် ၃၁၈ တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကနီမြို့ပေါ် စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးသီးကြဲချပြီး ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ၃ ရက်ဆက် ဒရုန်းတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ Chindwin Rocket Brother အဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံက သဲတောကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို ၇ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ဦးသေဆုံးခဲ့တယ်လို့ Myingyan Twenty-one Guerilla Force – MTGF အဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။  
Read More

မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့နှင့် ရိက္ခာရှာထွက်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့နဲ့ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ရွာဇော်ကြီးတော်လှန်အသံက ထုတ်ပြန်ထားပါတယ်။