မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်း ရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ​တပ်ရဲ့ ကင်းပုန်းဝပ်ရာနေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲတပ်သား ၂ ယောက်နဲ့ စစ်သား ၃ ယောက် သေဆုံးသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က သတင်းထုတ်ပြန်တားပါတယ်။

ဇူလိုင်လ ၂၂ ရက် မနေ့က မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ ထင်းရှူးရဲစခန်းနဲ့ ကိုက်(၂၀၀) အကွာရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကင်းပုန်းနေရာကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီကင်းပုန်းမှာက အယောက် ၃၀ လောက်ရှိတယ်။ လူများပါတယ်။ ပစ်ခတ်ချိန်ကတော့ ၁၀ မိနစ်လောက်ကြာတယ်။ ပြောရရင်တော့ ကျွန်မတို့က အလစ်ဝင်တိုက်တဲ့ ပျောက်ကြားစစ်ဆင်ရေးပါ” လို့ MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိလဉာဏ်က မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရဲ ၂ ယောက်နဲ့ စစ်သား ၃ ယောက် သေဆုံးခဲ့ပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်တွေက သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုရှိခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ပြည်‌‌ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနအောက်ရှိ တပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့နဲ့တူ စစ်ရေးမဟာမိတ်ဖြစ်တဲ့ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNU တပ်မဟာ(၁) ဒူးသထူခရိုင်မှာ အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာဝန်ဆောင်မှု သင်တန်းဆင်းပွဲ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်က နိုဝင်ဘာလအတွင်း အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာ ဝန်ဆောင်မှု သင်တန်းကို ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တက္ကသိုလ်မှ ကထိကဒေါ်ဝင်းဝင်းအောင် PDF ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ AA နှင့် ကြိုတင်ကြံစည်ပူးပေါင်းခြင်းသာ ဖြစ်ဟု စစ်ကောင်စီ ဆို

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ PDF တွေ ဖမ်းဆီးခံရတာမဟုတ်ဘဲ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းသွားတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာ တေဇာဆန်းနှင့်အဖွဲ့ ဆန္ဒပြခဲ့သည့် နေရာပတ်ဝန်းကျင် ဈေးဆိုင်ခန်းများကို အကြမ်းဖက်စစ်အုပ်စု အင်အားသုံးဖျက်ဆီး

မန္တလေးမြို့လယ်၊ စျေးချိုအတွင်း ဒေါက်တာတေဇာဆန်းနဲ့အဖွဲ့ ဆန္ဒပြခဲ့တဲ့အပေါ် မကျေနပ်တဲ့ စစ်အုပ်စုက ဆန္ဒပြတဲ့ ပတ်ဝန်းကျင်နေရာက စျေးဆိုင်တွေကို အင်အားသုံးဖျက်ဆီးခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ အပါအဝင် သပိတ်အတွက် နှိုးဆော်တာတွေလုပ်ဆောင်ခဲ့တဲ့ ဒေါက်တာတေဇာဆန်းနဲ့ သပိတ်အဖွဲ့ဝင်တွေရဲ့ ဒီဇင်ဘာလ ၃ရက်နေ့ ဆန္ဒဖော်ထုတ်မှုအပြီးမှာ စစ်အုပ်စုက အခုလို လုပ်ဆောင်ခဲ့တာပါ။
Read More

လားရှိုးက တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့ပေါ်က သမိုင်းဝင် ကွမ်ရင် တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တချို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုခဲ့ကြောင်း လားရှိုးမြို့ဒေသခံတွေထံက သိရပါတယ်။
Read More

ဘုတလင်မှာ အင်အား ၁၀၀ ကျော်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိခဲ့တယ်လို့ 96 Solider PDF (အညာဒေသ) ဆီက သိရပါတယ်။