စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းပိုင်းမှာ ဆိုင်ကယ် ၃ စီးနဲ့ သွားလာနေတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်သား ၆ ယောက်ကို တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မဟူရာ ရွှေဘိုသားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၂ ရက် မနေ့က မနက်ပိုင်းမှာ ရွှေဘိုမြို့နယ် ညောင်ပင်သာစိုက်ပျိုးရေးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံတပ်သားတွေ ရွှေဘို-ရေဦးလမ်းပိုင်းမှာ သွားလာလှုပ်ရှားနေကြောင်း ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းက သတင်းရရှိထားတဲ့အတွက် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၆ ယောက်ဟာ ဆိုင်ကယ် ၃ စီးနဲ့ ရွှေဘို-ရေဦးလမ်းပိုင်းမှာ သွား လာလှုပ်ရှားနေစဉ် တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေပြီး G-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၆၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီးမှာလည်း စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်(၄)တပ်ရင်းနဲ့ မဟူရာရွှေဘိုသား PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Video – မဟူရာ ရွှေဘိုသား

0 Shares:
You May Also Like
Read More

မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Hero Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်ဗျူဟာရှိ ဘာသာပေါင်းစုံ ရဲဘော် ရဲမေများက ငလျင်ဘေးသင့်ပြည်သူများအတွက် ဆုတောင်းပေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က မိုးကုတ်ဗျူဟာရှိ ဘာသာပေါင်းစုံ ရဲဘော်ရဲမေတွေဟာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့တယ်လို့ မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား  တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြစ်ခြေမြို့နယ်အတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး အရပ်သား ၃ ဦးကို သတ်ဖြတ်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့ပေါ် ထွေအုပ်ရုံးကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံးကို ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်းက ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့  Myingyan Black Tiger တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကရင်နီပြည်နယ် ရှေ့တန်းစစ်မြေပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၉ ယောက် သေ (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း ရှေ့တန်းစစ်မြေပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စနိုက်ဘာနဲ့ သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။