မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လအတွင်းမှာ အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်မှုတွေကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၃ ယောက် အပါအဝင် ၁၈ နှစ်အောက် ကလေးငယ် ၁၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

အခုလ ဇူလိုင်လ ၁ ရက်ကနေ ၂၂ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်တစ်နှစ်အရွယ် ကလေးငယ် ၃ ယောက် အပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် မိန်းကလေး (၈) ယောက်နဲ့ ယောက်ျားလေး (၁၁) ယောက် စုစုပေါင်း (၁၉) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ သေဆုံးသူတွေထဲမှာ မန္တလေးတိုင်းက (၆) ယောက်နဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး သေဆုံးသူစုစုပေါင်းထဲက (၁၅) ယောက်ဟာ စစ်အုပ်စု လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အုပ်စု မတရားစစ်အာဏာလုချိန်ကစလို့ ဇူလိုင် ၂၂ ရက် မနေ့ကအထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေ​ကြောင့် သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၆၉၈၀) ဦး ရှိပြီဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ PDF ရဲဘော်များ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်ပြီး စစ်ရေးအခြေအနေတွေကို ပြည်သူတွေဆီ တင်ပြ ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီအမှတ် ၃ တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် မြေပြင်ရှိ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ၊ တပ်ရင်းများမှ တာဝန်ရှိသူများနှင့် ရဲဘော်ရဲမေများကို တွေ့ဆုံ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက မေလ (၁၃) ရက် မနက်ပိုင်းမှာ အမှတ် (၉၀၁) တပ်ရင်းဌာနချုပ်နဲ့ ဗျူဟာအမှတ် (၁၈) ဌာနချုပ်တို့မှာ မြေပြင်ရှိ ရဲဘော်ရဲမေတွေနဲ့ တွေ့ဆုံကာ အမှာစကားပြောကြားခဲ့တယ်လို့ Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ် ကလေးအပါ ၅ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေးသင့်နေချိန် အတင်းကျပ်စုဆောင်းထားသည့် တပ်သားများဖြင့် စစ်ကောင်စီ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်လှစ်

နိုင်ငံတစ်၀န်း ငလျင်ဘေးသင့်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ရမယ့်အစား အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်ပွဲကို တိုင်းစစ်ဌာနချုပ် အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

စလင်း အနောက်ခြမ်းမှာ စစ်ကြောင်းခွဲဝင်လာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခံရပြီး ၆ယောက်သ၊ ၇ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့အနောက်ဘက်ခြမ်းမှာ စစ်ကြောင်းခွဲဝင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မင်းဘူးခရိုင်တပ်ရင်း ၅ တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ဗိုလ်အပါအဝင်  ထိခိုက်ဒဏ်ရာရသူ ၇ ယောက်ထက်မနည်း ရှိခဲ့ကြောင်း မင်းဘူးခရိုင် ၊ အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုလောမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီဆောင်ရွက်နေတဲ့ စစ်တပ်မိတ်ဖက် တစညပါတီဥက္ကဋ္ဌဖြစ်သူကို ဖမ်းဆီးရာ ခုခံသဖြင့် ရှင်းလင်းခဲ့ရဟုဆို

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနယ်မြေအတွင်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီပေးနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဋ္ဌဖြစ်သူကို တော်လှန်ရေးရဲဘော်တွေက သွားရောက်ထိန်းသိမ်းဖမ်းဆီးရာ သေနတ်လုယူခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။